မိုးတိမ်တို့သည် မိုးရေနှင့်ပြည့်သောအခါ မြေပေါ်မှာရွာတတ်၏။ သစ်ပင်သည် တောင်ဘက်သို့ လဲသည်ဖြစ်စေ၊ မြောက်ဘက်သို့ လဲသည်ဖြစ်စေ၊ လဲသောအရပ်၌ နေရာကျ၏။
မကြာမမြင့်မီ မိုးကောင်းကင်သည် မိုးသက်မုန်တိုင်းနှင့် မည်း၍ ပြင်းစွာမိုးရွာ၏။ အာဟပ်သည် ရထားစီး၍ ယေဇရေလမြို့သို့ သွား၏။
လူခုနစ်ယောက်မက၊ ရှစ်ယောက်တို့အား ဝေမျှလော့။ မြေပေါ်မှာ အဘယ်အမှုရောက်မည်ကို သင်မသိ။
လေကို မှတ်တတ်သောသူသည် မျိုးစေ့ကိုမကြဲ။ မိုးတိမ်တို့ကို ပမာဏပြုတတ်သော သူသည်လည်း စပါးကိုမရိပ်ရာ။
သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည်ဖြစ်၍၊ ကောင်းသောအသီး မသီးသောအပင် ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်ရ၏။
ထိုအခါ ဥယျာဉ်စောင့်အားလည်း၊ သုံးနှစ်ပတ်လုံး ဤသင်္ဘောသဖန်းပင်သို့ ငါလာ၍ အသီးကို ရှာသော်လည်း မတွေ့မရ။ ခုတ်ပစ်လော့။ အဘယ်ကြောင့် မြေကို နှောင့်ယှက်ရသနည်းဟု အမိန့်ရှိသော်၊ ဥယျာဉ်စောင့်က၊ သခင်၊ ယခုနှစ်ရှိပါစေဦး။-
အကြင်သူသည် လောကီစည်းစိမ်ဥစ္စာ ရှိလျက်ပင်၊ မိမိညီအစ်ကိုဆင်းရဲခြင်းကို မြင်၍၊ သနားခြင်း ကရုဏာစိတ်ကို ချုပ်တည်း၏။ ထိုသူ၌ ဘုရားသခင်၏ မေတ္တာတော်သည် အဘယ်သို့ တည်မည်နည်း။