မိုက်သောသူတို့သည် မြင့်သောအရပ်၊ သူဌေးတို့သည် နိမ့်သောအရပ်၌ ထိုင်ရသောအမှု၊
ထိုနောက်မှ ရှင်ဘုရင်အာရွှေရုသည် အာဂတ်အမျိုး၊ ဟမ္မေဒါသသားဟာမန်ကို ချီးမြှောက်၍၊ အထံတော်၌ရှိသော မှူးမတ်အပေါင်းတို့ထက် သာ၍မြင့်မြတ်သော နေရာကို ပေးတော်မူ၏။
ထိုသို့ မော်ဒကဲသည် ဦးမချ၊ ရှိမခိုးဘဲ နေကြောင်းကို ဟာမန် သိမြင်သောအခါ၊ အလွန်အမျက်ထွက်၍၊
ဆိုးယုတ်သောသူတို့သည် ချီးမြှောက်ခြင်းသို့ရောက်သည်ကာလ၊ မတရားသောသူတို့သည် အရပ်ရပ် လှည့်လည်ရသောအခွင့်ရှိကြ၏။
မိုက်သောသူသည် မပျော်မွေ့သင့်။ ထိုမျှမက၊ ကျွန်သည်မင်းတို့ကို အစိုးမရသင့်။
ဖြောင့်မတ်သောသူတို့သည် ဝမ်းမြောက်သောအခါ ဘုန်းကြီးတတ်၏။ မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ လူတို့သည် ပုန်းရှောင်၍ နေတတ်ကြ၏။
မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ရောက်သောအခါ၊ လူတို့သည် ပုန်းရှောင်၍နေရကြ၏။ ပျက်စီးခြင်းသို့ ရောက်သောအခါ၊ ဖြောင့်မတ်သောသူတို့သည် ပွားများတတ်ကြ၏။
ဖြောင့်မတ်သောသူတို့သည် အခွင့်ရသောအခါ၊ ပြည်သူပြည်သားတို့သည် ဝမ်းမြောက်တတ်ကြ၏။ မတရားသောသူတို့သည် အုပ်စိုးသောအခါမူကား၊ ပြည်သူပြည်သားတို့သည် ဝမ်းနည်းတတ်ကြ၏။
မင်းမှားယွင်းခြင်းအားဖြင့် ဖြစ်တတ်သော၊ နေအောက်၌ ငါမြင်ရသောအမှုဆိုးဟူမူကား၊