ဒေသနာကျမ်း။ 1:3Judson Bibleလူသည် နေအောက်မှာ ကြိုးစားအားထုတ်သမျှတို့၌ အဘယ်အကျိုးရှိသနည်း။ အခန်းကိုကြည့်ပါ။ |
နေအောက်မှာ ပြုသမျှသောအမှု၌ပါသော ဝမ်းနည်းစရာဟူမူကား၊ ခပ်သိမ်းသောသူတို့သည် တစ်ခုတည်းသောအမှုနှင့် တွေ့ကြုံရကြ၏။ အကယ်စင်စစ် လူသားတို့၏စိတ်နှလုံးသည် ဒုစရိုက်သဘောနှင့် ပြည့်၏။ အသက်ရှင်စဉ်အခါ၊ သူတို့သည် ရူးသောစိတ်ကိုစွဲလမ်း၍၊ နောက်တစ်ဖန် သေသွားတတ်ကြ၏။
အစာမဟုတ်သောအရာအဖို့ သင်တို့ငွေကိုလည်းကောင်း၊ အမွတ်မပြေနိုင်သော အရာအဖို့ သင်တို့ဥစ္စာကိုလည်းကောင်း၊ အဘယ်ကြောင့် ကုန်စေကြသနည်း။ ငါ့စကားကို စေ့စေ့နားထောင်လျက်၊ ကောင်းသောအစာကို စားကြလော့။ သင်တို့၏ဝိညာဉ်သည် ချိုသောအရာတို့၌ မိမိကိုမိမိ မွေ့လျော်စေလိမ့်မည်။