Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒေသနာကျမ်း။ 1:16

Judson Bible

ငါ​သည် ကိုယ်​စိတ်​နှ​လုံး​ထဲ​မှာ ပြော​ဆို​သည်​ကား၊ ငါ​သည် ငါ့​အ​ရင်၊ ယေ​ရု​ရှ​လင်​မြို့၌ ဖြစ်​ဖူး​သော​သူ​အ​ပေါင်း​တို့​ထက် ကြီး​မြင့်၍ ပ​ညာ​ရှိ၏။ အ​ကယ်​စင်​စစ် ငါ့​စိတ်​နှ​လုံး​သည် ပ​ညာ​အ​တတ်​များ​ကို အ​ထူး​သ​ဖြင့် လေ့​ကျက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

သို့​သော်​လည်း၊ ကိုယ်​တိုင်​ရောက်၍​မ​မြင်​မီ ထို​စ​ကား​ကို​မ​ယုံ။ ယ​ခု​မူ​ကား၊ အ​ရင်​ကြား​သော​စ​ကား​သည် တစ်​ဝက်​ကို​မျှ​မ​မီ။ ကိုယ်​တော်၏​ပ​ညာ​နှင့် ကိုယ်​တော်၏​စည်း​စိမ်​သည် အ​ကျွန်ုပ်​ကြား​ရ​သော​သ​တင်း​ကို လွန်​ကဲ​ပါ၏။

ပ​ညာ​တော်​သည် အ​ရှေ့​ပြည်​သား​ပ​ညာ​နှင့် အဲ​ဂု​တ္တု​ပြည်​သား​ပ​ညာ​ကို​လွန်​ကဲ၏။

ငါ့​ကျွန်​တို့​သည် လေ​ဗ​နုန်​တောင်​မှ ပင်​လယ်​သို့​ချ​ပြီး​လျှင်၊ ဘောင်​လုပ်၍ မင်း​ကြီး​စီ​ရင်​သော​အ​ရပ်​သို့ ပင်​လယ်​လမ်း​ဖြင့် ဆောင်​ခဲ့၍၊ ထို​အ​ရပ်၌​အပ်​သ​ဖြင့် မင်း​ကြီး​ခံ​ယူ​ရ​မည်။ မင်း​ကြီး​သည်​လည်း၊ ငါ၏​နန်း​တော်​သား စား​စ​ရာ​ရိ​က္ခာ​ကို​ပေး၍ ငါ့​အ​လို​ကို​လည်း ပြည့်​စုံ​စေ​ရ​မည်​ဟု ရှော​လ​မုန်​ထံ​သို့ လူ​ကို​စေ​လွှတ်၍ ပြန်​ပြော၏။

ဘု​ရား​သ​ခင်၏​လူ ဧ​လိ​ရှဲ၏​ကျွန်​ဂေ​ဟာ​ဇိ​က၊ ဤ​ရှု​ရိ​လူ နေ​မန်​ဆောင်​ခဲ့​သော ဥ​စ္စာ​ကို ငါ့​သ​ခင်​သည် မ​ခံ​မ​ယူ။ သူ့​ကို အ​လွန်​သ​နား​ပြီ။ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ သူ့​နောက်​သို့ ငါ​လိုက်၍ တစ်​စုံ​တစ်​ခု​ကို​ယူ​မည်​ဟု အ​ကြံ​ရှိ​လျက်၊

ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဗိ​မာန်​တော်​ကို​လည်း​ကောင်း၊ နန်း​တော်​ကို​လည်း​ကောင်း၊ တည်​ဆောက်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​အောင် ဉာဏ်​ကောင်း၍ ပ​ညာ​သ​တိ​နှင့် ပြည့်​စုံ​သော​သား​ကို ဒါ​ဝိဒ်​မင်း​ကြီး​အား​ပေး​တော်​မူ​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။

ကြောက်​ရွံ့​တုန်​လှုပ်၍ ဒု​စ​ရိုက်​အ​ပြစ်​ကို ရှောင်​ကြ​လော့။ အိပ်​ရာ​ပေါ်​မှာ ကိုယ်​စိတ်​နှ​လုံး​နှင့် ဆွေး​နွေး​စဉ်း​စား၍ တိတ်​ဆိတ်​ခြင်း​ရှိ​ကြ​လော့။

ည​အ​ခါ၌​လည်း ငါ​သည် ကိုယ်​သီ​ချင်း​ကို​ဆင်​ခြင်၍၊ ကိုယ်​စိတ်​နှ​လုံး​နှင့် ဆွေး​နွေး​သ​ဖြင့်၊ ငါ့​ဝိ​ညာဉ်​သည် စစ်​ဆေး​ခြင်း​ကို ပြု၏။

တစ်​ဖန် ငါ​သည် ကိုယ်​စိတ်​နှ​လုံး​ထဲ​မှာ​ပြော​သည်​ကား၊ လာ​ပါ။ ရွှင်​လန်း​ခြင်း​အား​ဖြင့် သင့်​ကို​ငါ​စုံ​စမ်း​မည်။ သို့​ဖြစ်၍၊ ကာ​မ​ဂုဏ်၌ ပျော်​မွေ့​လော့​ဟု​ဆို​ရာ​တွင်၊ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်လေ၏။

သို့​ဖြစ်၍၊ မိုက်​သော​သူ​တွေ့​ကြုံ​သ​ကဲ့​သို့၊ ငါ​သည်​တွေ့​ကြုံ​လျှင်၊ အ​ဘယ်​ကြောင့် သူ့​ထက်​သာ၍ ပ​ညာ​ရှိ​သ​နည်း ဟူ၍​လည်း​ကောင်း၊ ဤ​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်​သည်​ဟူ​လည်း​ကောင်း ငါ​အောက်​မေ့၏။

ထို​သို့ ငါ့​အ​ရင်၊ ယေ​ရု​ရှ​လင်​မြို့၌ ဖြစ်​ဖူး​သော​သူ​အ​ပေါင်း​တို့​ထက်၊ ငါ​သည် တိုး​ပွား၍ ကြီး​မြင့်​ခြင်း​သို့ ရောက်၏။ ငါ့​ပ​ညာ​လည်း တည်​လျက်​ရှိ၏။

ဘု​ရား​သ​ခင်​သည် ဖြောင့်​မတ်​သော​သူ​တို့၏​အ​မှု​နှင့်၊ မ​တ​ရား​သော​သူ​တို့၏​အ​မှု​ကို စစ်​ကြော​စီ​ရင်​တော်​မူ​မည်​ဟု ငါ​အောက်​မေ့၏။ အ​ကြောင်း​မူ​ကား၊ ခပ်​သိမ်း​သော​အ​ကြံ၊ ခပ်​သိမ်း​သော​အ​မှု​တို့​ကို စစ်​ကြော​စီ​ရင်​ရ​သော​အ​ချိန် ရှိ၏။

ကြီး​သော​အိမ်၊ ကျယ်​သော​အ​ထက်​ခန်း​တို့​ကို ငါ​ဆောက်​မည်​ဟု ဆို​လျက်၊ ပြတင်း​ပေါက်​ကို ဖောက်၍၊ အာ​ရဇ်​သစ်​သား​နှင့် မိုး​ပြီး​မှ၊ ဟ​င်္သာ​ပ​ဒါး​နှင့် ချယ်​လှယ်​ပြီ​တ​ကား။

ဤ​မြို့​ကား၊ ငါ့​နိုင်​ငံ​တည်​ရာ၊ ငါ့​ရွှေ​ဘုန်း​တော်​ကို ချီး​မြှောက်​ရာ​ဖို့၊ ငါ့​တန်​ခိုး အာ​နု​ဘော်​အား​ဖြင့် ငါ​တည်​လုပ်​သော ဗာ​ဗု​လုန်​မြို့​ကြီး မ​ဟုတ်​လော​ဟု မြွက်​ဆို၏။

ကောင်း​ကျိုး​မ​ကောင်း​ကျိုး​ကို ပိုင်း​ခြား၍ သိ​နိုင်​သော​ဉာဏ်​ပေး​တတ်​သော၊ အ​ကြား​အ​မြင် အ​တွေ့​အ​စမ်း​များ​သော သူ​တည်း​ဟူ​သော၊ စုံ​လင်​သော အ​ရွယ်​ရှိ​သော သူ​တို့​မူ​ကား၊ ကြေ​ခဲ​သော အ​စာ​အာ​ဟာ​ရ​ကို သုံး​ဆောင်​ရ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ