ကြည့်ပါ။ အသစ်ဖြစ်၏ဟုဆိုရသော အမှုအရာတစ်စုံတစ်ခု ရှိသလော။ ထိုအမှုအရာသည် ငါတို့အရင်၊ ရှေးကာလ၌ ဖြစ်ဖူးပြီ။
ရှေးဖြစ်ဖူးသောအမှုအရာတို့ကို မေ့လျော့တတ်၏။ နောက်ဖြစ်လတ္တံ့သော အမှုအရာတို့ကိုလည်း၊ ထိုအမှုအရာနောက်၌ ဖြစ်လတ္တံ့သောသူတို့သည် မေ့လျော့ကြလိမ့်မည်။
ဖြစ်ဖူးသောအရာသည် ဖြစ်လတ္တံ့သောအရာနှင့် တူ၏။ ယခုပြုသောအမှုသည် ပြုလတ္တံ့သောအမှုနှင့်တူ၏။ နေအောက်မှာ အသစ်သောအမှုအရာမရှိ။
တစ်ဖန်ငါလှည့်၍ ပညာတရားကိုလည်းကောင်း၊ လျှပ်ပေါ်ခြင်းနှင့် မိုက်မဲခြင်းတရားတို့ကိုလည်းကောင်း ဆင်ခြင်၏။ ရှင်ဘုရင်နောက်မှာဖြစ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း။ ပြုဖူးသည်အတိုင်းသာ ပြုနိုင်၏။
ရှိသမျှသော အခြင်းအရာများကို မှတ်သားနှင့်ပြီ။ လူ၏အခြင်းအရာ သက်သက်ဖြစ်သည်ကို သိရ၏။ လူသည် မိမိထက် တန်ခိုးကြီးသောသူနှင့် မပြိုင်နိုင်ရာ။
ဝမ်းမြောက်ရွှင်မြူးခြင်း ရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကို ထိုနည်းတူ ညှဉ်းဆဲကြပြီ။-
လည်ပင်းခိုင်မာ၍ နှလုံးဖြင့်လည်းကောင်း၊ နားဖြင့်လည်းကောင်း အရေဖျားလှီးခြင်းကို မခံသောလူတို့၊ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို အစဉ်မပြတ် ဆန့်ကျင်ဘက်ပြုလေ့ရှိကြ၏။ သင်တို့ဘိုးဘေးများ၏ အလေ့နှင့် သင်တို့အလေ့တူ၏။-
ယန္နေနှင့်ယံဗြေသည် မောရှေကိုဆီးတားသကဲ့သို့၊ ထိုသူတို့သည် သမ္မာတရားကိုဆီးတားကြ၏။ စိတ်နှလုံးယိုယွင်း၍ ယုံကြည်ယောင်ဆောင်သောသူ ဖြစ်ကြ၏။-