Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 9:4

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည်၊ ဣ​သ​ရေ​လ​လူ​တို့၏​တိ​ရ​စ္ဆာန်​နှင့် အဲ​ဂု​တ္တု​လူ​တို့၏ တိ​ရ​စ္ဆာန်​ကို​ခြား​နား​စေ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ပိုင်​သော တိ​ရ​စ္ဆာန် တစ်​ကောင်​မျှ​မ​သေ​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ တစ်​ယောက်​ကို​တစ်​ယောက် မ​မြင်​နိုင်​ကြ။ သုံး​ရက်​ပတ်​လုံး အ​ဘယ်​သူ​မျှ မိ​မိ​နေ​ရာ​မှ​မ​ထ​ရ​ကြ။ သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ မိ​မိ​တို့​နေ​ရာ၌ အ​လင်း​ကို​ရ​ကြ​၏။

သိုး​သ​ငယ်​၏​အ​သွေး​သည် သင်​တို့​နေ​ရာ​အိမ်၌ သင်​တို့၏​လ​က္ခ​ဏာ​သက်​သေ​ဖြစ်၍၊ ထို​အ​သွေး​ကို​ငါ​မြင်​သော​အ​ခါ၊ သင်​တို့​ကို ငါ​လွန်​သွား​မည်။ ထို​သို့​အဲ​ဂု​တ္တု​ပြည်​ကို ငါ​သည်​ဒဏ်​ခတ်​သော​အ​ခါ၊ ဖျက်​ဆီး​ခြင်း ဘေး​ဥ​ပဒ်​သည် သင်​တို့​ကို​မ​သင့်​မ​ရောက်​ရ။

ထို​အ​ခါ ဝိ​ဇ္ဇာ​ဆ​ရာ​တို့​က၊ ဤ​အ​မှု​သည်​ဘု​ရား​သ​ခင်၏ တန်​ခိုး​ကြောင့်​ဖြစ်​သည်​ဟု ဖာ​ရော​ဘု​ရင်​အား​လျှောက်​ကြား​ကြ၏။ သို့​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဖာ​ရော​ဘု​ရင်​သည် နှ​လုံး​ခိုင်​မာ၍ သူ​တို့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ပြန်​လေ၏။

ငါ​သည် မြေ​ကြီး​အ​လယ်၌ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သိ​စေ​ခြင်း​ငှာ ငါ၏​လူ​တို့​နေ​ရာ​ဂေါ​ရှင်​ပြည်​ကို ထို​နေ့၌​ငါ​ခြား​နား​စေ၍၊ ထို​ပြည်၌ ယင်​ရဲ​မ​ရှိ​ရ။

သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​နေ​ရာ ဂေါ​ရှင်​ပြည်၌ မိုး​သီး​မ​ကျ​မ​ရွာ။

နက်​ဖြန်​နေ့၊ အဲ​ဂု​တ္တု​ပြည်၌ ထို​အ​မှု​ကို​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​မည်​ဟု မှန်​သော​အ​ချိန်​ကို ချိန်း​ချက်​တော်​မူ​ပြီ​ဟု ဟေ​ဗြဲ​လူ​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​ကြောင်း​ကို​ပြော​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

နက်​ဖြန်​နေ့၌ ထို​အ​မှု​ကို​ပြု​တော်​မူ​သ​ဖြင့်၊ အဲ​ဂု​တ္တု​လူ​တို့၏ တိ​ရ​စ္ဆာန်​အ​မျိုး​မျိုး​သေ​ကြ၏။ ဣ​သ​ရေ​လ​လူ​တို့၏ တိ​ရ​စ္ဆာန်​တစ်​ကောင်​မျှ​မ​သေ။

စ​ပါး​ရိတ်​ရာ​ကာ​လ မ​ရောက်​မီ သုံး​လ​အ​ထက်​က၊ မိုး​မ​ရွာ​စေ​ခြင်း​ငှာ မိုး​ကို​ငါ​ဆီး​တား​ပြီ။ မြို့​တစ်​မြို့​ပေါ်​မှာ ရွာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တစ်​မြို့​ပေါ်​မှာ မ​ရွာ​စေ​ခြင်း​ငှာ​လည်း​ကောင်း​ပြု​လျက်၊ မြေ​တစ်​ကွက်​သည် မိုး​ရေ​ကို​ခံ​ရ၍ တစ်​ကွက်​သည် မ​ခံ​ရ၊ သွေ့​ခြောက်​လျက်​နေ​ရ၏။

တစ်​ဖန် သင်​တို့​သည် ပြောင်း​လဲ၍ ဖြောင့်​မတ်​သော​သူ၊ မ​ဖြောင့်​မတ်​သော​သူ၊ ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို ဆောင်​သော​သူ၊ မ​ဆောင်​သော​သူ​တို့​ကို ပိုင်း​ခြား၍ သိ​ရ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ