ထိုသို့မိုးမရွာ၍ မိုးသီးနှင့်မိုးကြိုးစဲသည်ကို ဖာရောဘုရင်မြင်လျှင်၊ တစ်ဖန်ပြစ်မှား၍၊ ကျွန်များနှင့်တကွ နှလုံးခိုင်မာလျက်နေ၏။
အာခတ်မင်းကြီးသည် ဆင်းရဲဒုက္ခခံရသောအခါ၊ ထာဝရဘုရားကို သာ၍ပြစ်မှား၏။
ခမည်းတော်သည် ထာဝရဘုရားရှေ့တော်၌ ကိုယ်ကိုနှိမ့်ချသကဲ့သို့ မနှိမ့်ချဘဲ အထူးသဖြင့် ပြစ်မှား၏။
ဘုရားသခင် အကျိန်တိုက်ပြီးသော နေဗုခဒ်နေဇာမင်းကြီးကို ပုန်ကန်လေ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားထံတော်သို့ မပြန်မည်အကြောင်း၊ မိမိလည်ပင်းကိုလည်းကောင်း၊ မိမိနှလုံးကိုလည်းကောင်း ခိုင်မာစေ၏။
ထာဝရဘုရားကလည်း၊ သင်သည် အဲဂုတ္တုပြည်သို့သွား၍ရောက်လျှင်၊ သင်၌ ငါအပ်သော အံ့ဖွယ်သောအမှုအလုံးစုံတို့ကို ဖာရောဘုရင်ရှေ့မှာပြလော့။ ထိုသို့ပြသော်လည်း သူ၏နှလုံးကိုငါခိုင်မာစေ၍၊ သူသည် ဣသရေလလူတို့ကို မလွှတ်ဘဲနေလိမ့်မည်။
ထာဝရဘုရားကလည်း၊ ဖာရောဘုရင်သည် နှလုံးခိုင်မာ၍ ဣသရေလလူတို့ကို မလွှတ်ဘဲနေ၏။
ဖာရောမင်းလည်း၊ သက်သာရကြောင်းကိုသိမြင်သောအခါ၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ နှလုံးခိုင်မာ၍ သူတို့စကားကို နားမထောင်ဘဲနေပြန်လေ၏။
မောရှေသည် ဖာရောဘုရင်ထံမှထွက်၍ မြို့ပြင်သို့သွားပြီးလျှင်၊ ထာဝရဘုရားရှေ့တော်၌ လက်ဝါးတို့ကိုဖြန့်သဖြင့်၊ မိုးကြိုးနှင့်မိုးသီးစဲလေ၏။ မြေပေါ်၌လည်း မိုးမရွာ။
ထိုသို့ဖာရောဘုရင်သည် နှလုံးခိုင်မာသည်ဖြစ်၍၊ မောရှေ၌ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့ကို မလွှတ်ဘဲနေပြန်သတည်း။
အဓမ္မအမှုကို အလျင်အမြန်စစ်ကြော၍၊ ဒဏ်မပေးသောကြောင့်၊ လူသားတို့သည် အဓမ္မအမှုကိုပြုခြင်းငှာ၊ ခိုင်မာစွာ သဘောထားကြ၏။
သို့ဖြစ်၍ ဖာရောဘုရင်နှင့် အဲဂုတ္တုလူတို့သည် ခိုင်မာသော စိတ်နှလုံးရှိသကဲ့သို့ အဘယ်ကြောင့် ခိုင်မာသော စိတ်နှလုံးရှိကြသနည်း။ သူတို့တွင် အထူးသဖြင့် ပြုတော်မူသောအခါ၊ သူတို့သည် လွှတ်လိုက်၍ ဣသရေလလူတို့သည် သွားကြ၏။