Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 9:28

Judson Bible

တန်​ပါ​ပြီ။ အား​ကြီး​သော​မိုး​ကြိုး​နှင့် မိုး​သီး​စဲ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို​တောင်း​ပန်​ပါ။ သင်​တို့​ကို​ငါ​မ​ဆီး​မ​တား အ​လျင်​အ​မြန်​လွှတ်​မည်​ဟု ဆို​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​က​လည်း၊ ငါ့​လက်၌ ရောက်​သော​ရော​ဂါ​ကို ပျောက်​စေ​မည်​အ​ကြောင်း၊ ငါ့​အ​တွက်​ပ​တ္ထ​နာ​ပြု၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တောင်း​ပန်​ပါ​လော့​ဟု ဘု​ရား​သ​ခင်၏​လူ​ကို​ပြော​ဆို၏။ ဘု​ရား​သ​ခင်၏​လူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​ပန်​သ​ဖြင့်၊ ရှင်​ဘု​ရင်​လက်​သည် ရော​ဂါ​ပျောက်၍ ပ​က​တိ​အ​တိုင်း​ဖြစ်​လေ၏။

သို့​ဖြစ်၍ သည်​တစ်​ခါ ငါ့​အ​ပြစ်​ကို​သည်း​ခံ​ပါ​လော့။ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ဤ​သေ​ဘေး​တစ်​ခု​ကို​သာ ငါ​မှ​ပယ်​ရှား​ပါ​မည်​အ​ကြောင်း တောင်း​ပန်​ပါ​ဟု​ဆို​သည်​ရှိ​သော်၊

ထို​အ​ခါ ဖာ​ရော​ဘု​ရင်​သည် မော​ရှေ​နှင့် အာ​ရုန်​ကို​ခေါ်၍ ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​ခြင်း​ငှာ​သွား​ကြ​လော့။ သို့​ရာ​တွင် သိုး​နွား​များ​ကို​ထား​ခဲ့​ကြ​စေ။ သူ​ငယ်​များ​ကို ခေါ်​ကြ​စေ​ဟု မိန့်​တော်​မူ​၏။

မော​ရှေ​နှင့်​အာ​ရုန်​ကို တစ်​ဖန်​ဖာ​ရော​ဘု​ရင်​ထံ​သို့ သွင်း​ပြန်၍၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​ခြင်း​ငှာ​သွား​ကြ​လော့။ သို့​ရာ​တွင် သွား​ရ​သော​သူ​တို့​သည် အ​ဘယ်​သူ​နည်း​ဟု​မေး​လျှင်၊

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​က၊ ဖာ​ရော​ဘု​ရင်​နှင့် အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​မှာ ဘေး​တစ်​ပါး​ကို ငါ​ရောက်​စေ​ဦး​မည်။ ထို​နောက် သင်​တို့​ကို​လွှတ်​လိမ့်​မည်။ လွှတ်​သော​အ​ခါ၌​လည်း၊ အ​ကယ်၍ သင်​တို့​ကို​တစ်​ပြိုင်​နက်​နှင်​လိမ့်​မည်။

ထို​အ​ခါ၊ ဖာ​ရော​ဘု​ရင်​သည် မော​ရှေ​နှင့် အာ​ရုန်​ကို​ခေါ်​ပြီး​လျှင်၊ သင်​တို့​သည် ဤ​ပြည်၌ သင်​တို့၏​ဘု​ရား​သ​ခင်​အား ယဇ်​ပူ​ဇော်​သွား​ကြ​လော့​ဟု မိန့်​တော်​မူ​သော်၊

ဖာ​ရော​ဘု​ရင်​က​လည်း၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား၊ တော၌ ယဇ်​ပူ​ဇော်​မည်​အ​ကြောင်း၊ သွား​ရ​သော​အ​ခွင့်​ကို​ငါ​ပေး​မည်။ သို့​ရာ​တွင် ဝေး​ဝေး​မ​သွား​ရ​ကြ။ ငါ့​အ​ဖို့​တောင်း​ပန်​လော့​ဟု မိန့်​တော်​မူ၏။

သင်​မှ​စ၍ သင်၏​လူ၊ သင်၏​ကျွန်​ရှိ​သ​မျှ​တို့​အ​ပေါ်၌ တက်​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​ကြောင်း​ကို ကြား​ပြော​လော့​ဟု မော​ရှေ​အား မိန့်​တော်​မူ​၏။

ထို​အ​ခါ​ဖာ​ရော​မင်း​သည်၊ မော​ရှေ​နှင့်​အာ​ရုန်​ကို​ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖား​တို့​ကို​ငါ​နှင့် ငါ့​လူ​တို့​ထံ​မှ​ပယ်​ရှား​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​လော့။ ဣ​သ​ရေ​လ​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ရ​သော​အ​ခွင့်​ကို ငါ​ပေး​မည်​ဟု​ဆို၏။

ထို​ကြောင့် လူ​များ​တို့​သည် မော​ရှေ​ထံ​သို့​လာ၍ အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​နှင့် ကိုယ်​တော်​ကို​ဆန့်​ကျင်​လျက် ပြော​ဆို၍​ပြစ်​မှား​ပါ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် မြွေ​များ​ကို အ​ကျွန်ုပ်​တို့​မှ ပယ်​ရှား​တော်​မူ​မည်​အ​ကြောင်း ဆု​တောင်း​ပါ​ဟု​လျှောက်​လျှင်၊ မော​ရှေ​သည် လူ​များ​အ​ဖို့ ဆု​တောင်း​လေ၏။

ရှိ​မုန်​က​လည်း၊ မိန့်​တော်​မူ​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ အ​ကျွန်ုပ်​အ​ပေါ်​သို့ မ​ရောက်​ပါ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို အ​ကျွန်ုပ်​အ​ဖို့ အ​လို​ငှာ ဆု​တောင်း​တော်​မူ​ကြ​ပါ​ဟု ပြန်​ပြော၏။-

လူ​အ​ပေါင်း​တို့​က၊ ကိုယ်​တော်၏​ကျွန်​တို့​သည် မ​သေ​ရ​မည်​အ​ကြောင်း၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​တော်​ကျွန်​တို့​အ​ဖို့ ဆု​တောင်း​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ရှင်​ဘု​ရင်​ကို တောင်း​သော​အား​ဖြင့် အ​ထက်​အ​ပြစ်​များ​တို့​အ​ပေါ်​မှာ​ထပ်၍ ဒု​စ​ရိုက်​ကို ပြု​မိ​ပါ​ပြီ​ဟု ရှ​မွေ​လ​အား တောင်း​ပန်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ