Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 9:15

Judson Bible

ငါ့​လက်​ကို​ငါ​ဆန့်၍ သင်​နှင့်​သင်၏​လူ​တို့​ကို ကာ​လ​နာ​ဖြင့် ဒဏ်​ခတ်​မည်။ သင့်​ကို​လည်း​မြေ​ကြီး​ပေါ်​က သုတ်​သင်​ပယ်​ရှင်း​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

နာ​မ​တော်​ကို​ထင်​ရှား​စေ၍ အဲ​ဂု​တ္တု​ပြည်​အ​စ​ရှိ​သော အ​ခြား​သော​ပြည်​များ၊ သူ​တို့​ဘု​ရား​များ​တို့​မှ ရွေး​နုတ်​တော်​မူ​သော ကိုယ်​တော်၏​လူ​မျိုး​ရှေ့​တွင် လူ​မျိုး​တော်​အ​ဖို့​နှင့် ပြည်​တော်​အ​ဖို့ ကြောက်​မက်​ဖွယ်​သော အ​မှု​ကြီး​တို့​ကို​ပြု​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​ကြွ၍ ကိုယ်​တော်​အ​ဖို့​ရွေး​နုတ်​တော်​မူ​သော ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​နှင့်​တူ​သော လူ​မျိုး​တစ်​စုံ​တစ်​မျိုး​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​ပါ​သ​လော။

ထို​သို့​ပြု​သော​ကြောင့် ယေ​ရော​ဗောင်​အ​မျိုး​ကို မြေ​ကြီး​ပြင်​မှ သုတ်​သင်​ပယ်​ရှင်း​စေ​သော​အ​ပြစ် ရောက်​သ​တည်း။

သင်​တို့​ကို ကြီး​သော​တန်​ခိုး၊ ဆန့်​သော​လက်​ရုံး​တော်​အား​ဖြင့် အဲ​ဂု​တ္တု​ပြည်​မှ​ကယ်​နုတ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို​သာ ရို​သေ​ကိုး​ကွယ်၍ ယဇ်​ပူ​ဇော်​ရ​မည်။

ထို​ည​တွင် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည်​ထွက်၍ အာ​ရှု​ရိ​တပ်​တွင် လူ​တစ်​သိန်း​ရှစ်​သောင်း​ငါး​ထောင်​တို့​ကို ဒဏ်​ခတ်​လေ၏။ နံ​နက်​စော​စော​ထ​ချိန်​ရောက်​သော​အ​ခါ၊ ထို​သူ​အ​ပေါင်း​တို့​သည် အ​သေ​ဖြစ်​ကြ၏။

ထို​သို့ ပင်​လယ်​ရေ​သည်​ပြန်​လာ၍၊ ပင်​လယ်​ထဲ​သို့​လိုက်​ဝင်​သော ဖာ​ရော​ဘု​ရင်၏​ရ​ထား၊ မြင်း​စီး​သူ​ရဲ၊ ဗိုလ်​ခြေ​အ​ပေါင်း​တို့​ကို​လွှမ်း​မိုး​သ​ဖြင့်၊ တစ်​စုံ​တစ်​ယောက်​မျှ မ​ကျန်​ရစ်​ရ၊

ငါ​သည်​လည်း​လက်​ကို​ဆန့်၍၊ အဲ​ဂု​တ္တု​ပြည်​ထဲ၌ ငါ​ပြု​လ​တ္တံ့​သော ငါ၏​အံ့​ဖွယ်​သော​အ​မှု​ရှိ​သ​မျှ​တို့​နှင့် ထို​ပြည်​ကို​ဒဏ်​ခတ်​မည်။ ထို​နောက် အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​သည် သင်​တို့​ကို​လွှတ်​လိမ့်​မည်။

သို့​မ​ဟုတ် ယ​ခု​ကာ​လ​အ​ခါ​သင်၏​နှ​လုံး၌​လည်း​ကောင်း၊ သင်၏​ကျွန်​များ၊ လူ​များ၌​လည်း​ကောင်း၊ ငါ၏​ဘေး​ဒဏ်​အ​လုံး​စုံ​တို့​ကို သင့်​ရောက်​စေ​မည်။ မြေ​ကြီး​တစ်​လျှောက်​လုံး၌ ငါ​ကဲ့​သို့​သော​သူ​မ​ရှိ​ကြောင်း​ကို သင်​သည်​သိ​ရ​လိမ့်​မည်။

အ​ကယ်​စင်​စစ် ငါ့​တန်​ခိုး​ကို သင်၌​ငါ​ပြ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​နာ​မ​ကို မြေ​ကြီး​တစ်​ပြင်​လုံး​တွင် ကျော်​စော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင့်​ကို​ငါ​ချီး​မြှောက်​ခဲ့​ပြီ။

ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် လယ်​ပြင်၌​ရှိ​သော တိ​ရ​စ္ဆာန်၊ မြင်း၊ မြည်း၊ ကု​လား​အုတ်၊ သိုး၊ နွား​တို့​အ​ပေါ်၌​ရောက်၍ အ​လွန်​ပြင်း​စွာ​သော​ရော​ဂါ​စွဲ​လိမ့်​မည်။

နက်​ဖြန်​နေ့၌ ထို​အ​မှု​ကို​ပြု​တော်​မူ​သ​ဖြင့်၊ အဲ​ဂု​တ္တု​လူ​တို့၏ တိ​ရ​စ္ဆာန်​အ​မျိုး​မျိုး​သေ​ကြ၏။ ဣ​သ​ရေ​လ​လူ​တို့၏ တိ​ရ​စ္ဆာန်​တစ်​ကောင်​မျှ​မ​သေ။

အ​ဓ​မ္မ​လူ​တို့​မူ​ကား၊ ပြည်​တော်​မှ​ပယ်​ရှင်း​ခြင်း၊ လွန်​ကျူး​သော​သူ​တို့​သည် နုတ်​ပစ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ