Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 8:8

Judson Bible

ထို​အ​ခါ​ဖာ​ရော​မင်း​သည်၊ မော​ရှေ​နှင့်​အာ​ရုန်​ကို​ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖား​တို့​ကို​ငါ​နှင့် ငါ့​လူ​တို့​ထံ​မှ​ပယ်​ရှား​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​လော့။ ဣ​သ​ရေ​လ​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ရ​သော​အ​ခွင့်​ကို ငါ​ပေး​မည်​ဟု​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​က​လည်း၊ ငါ့​လက်၌ ရောက်​သော​ရော​ဂါ​ကို ပျောက်​စေ​မည်​အ​ကြောင်း၊ ငါ့​အ​တွက်​ပ​တ္ထ​နာ​ပြု၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တောင်း​ပန်​ပါ​လော့​ဟု ဘု​ရား​သ​ခင်၏​လူ​ကို​ပြော​ဆို၏။ ဘု​ရား​သ​ခင်၏​လူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​ပန်​သ​ဖြင့်၊ ရှင်​ဘု​ရင်​လက်​သည် ရော​ဂါ​ပျောက်၍ ပ​က​တိ​အ​တိုင်း​ဖြစ်​လေ၏။

ကိုယ်​တော်​စီ​ရင်​သော အ​မှု​တို့​သည် အ​လွန်​အံ့​ဩ​ဖွယ် ဖြစ်​ကြ​ပါ၏။ တန်​ခိုး​တော်​ကြီး​သော​ကြောင့်၊ ရန်​သူ​တို့​သည် ကိုယ်​တော်​ကို တောင်း​ပန်​ကြ​ပါ​လိမ့်​မည်။

ထို​အ​ခါ ဖာ​ရော​ဘု​ရင်​သည် မော​ရှေ​နှင့်​အာ​ရုန်​ကို အ​လျင်​အ​မြန်​ခေါ်၍၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ သင်​တို့​ကို​လည်း​ကောင်း ငါ​ပြစ်​မှား​ပါ​ပြီ။

သို့​ဖြစ်၍ သည်​တစ်​ခါ ငါ့​အ​ပြစ်​ကို​သည်း​ခံ​ပါ​လော့။ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ဤ​သေ​ဘေး​တစ်​ခု​ကို​သာ ငါ​မှ​ပယ်​ရှား​ပါ​မည်​အ​ကြောင်း တောင်း​ပန်​ပါ​ဟု​ဆို​သည်​ရှိ​သော်၊

မော​ရှေ​သည် အ​ထံ​တော်​မှ​ထွက်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို​တောင်း​ပန်​လေ၏။

ထို​လူ​တို့​ထွက်​ပြေး​ကြောင်း​ကို၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​အား​ကြား​လျှောက်​သ​ဖြင့်၊ သူ​မှ​စ၍ ကျွန်​များ​တို့​သည် မ​နာ​လို​သော​စိတ်​ပေါက်​ပြန်​လျှင်၊ ငါ​တို့​သည် ဤ​သို့​ပြု၍ ဣ​သ​ရေ​လ​လူ​တို့​ကို ငါ​တို့​စေ​ခိုင်း​ရာ​မှ အ​ဘယ်​ကြောင့်​လွှတ်​ရ​သ​နည်း​ဟု ပြော​ဆို​ကြ​၏။

မော​ရှေ​က​လည်း၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် မ​ဟာ​တန်​ခိုး​အား​ကြီး​သော​လက်​နှင့် အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​ခဲ့​သော ကိုယ်​တော်၏​လူ​တို့​ကို၊ အ​ဘယ်​ကြောင့် အ​မျက်​ပြင်း​စွာ ထွက်​တော်​မူ​သ​နည်း။

ဖာ​ရော​မင်း​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​ကို​နား​ထောင်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ငါ​လွှတ်​စေ​ခြင်း​ငှာ ထို​ဘု​ရား​ကား အ​ဘယ်​သူ​နည်း။ ထာ​ဝ​ရ​ဘု​ရား​ကို ငါ​မ​သိ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ငါ​မ​လွှတ်​ဟု ဆို​လေ၏။

ဖာ​ရော​မင်း​လည်း၊ သက်​သာ​ရ​ကြောင်း​ကို​သိ​မြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ နှ​လုံး​ခိုင်​မာ၍ သူ​တို့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ပြန်​လေ၏။

မော​ရှေ​က​လည်း၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​မှ​ထွက်​သွား၍ ယင်​ရဲ​တို့​သည် ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ကျွန်​များ၊ လူ​များ​ထံ​မှ၊ နက်​ဖြန်​နေ့​သွား​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား​ကို​တောင်း​ပန်​ပါ​မည်။ သို့​ရာ​တွင် ဣ​သ​ရေ​လ​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​မ​ပူ​ဇော်​ရ​မည်​အ​ကြောင်း၊ နောက်​တစ်​ဖန်​ဆီး​တား၍ လှည့်​စား​တော်​မ​မူ​ပါ​နှင့်​ဟု​လျှောက်​ပြီး​လျှင်၊

ထို​အ​ခါ၌​လည်း၊ ဖာ​ရော​ဘု​ရင်​သည် နှ​လုံး​ခိုင်​မာ​ပြန်၍၊ ဣ​သ​ရေ​လ​လူ​တို့​ကို မ​လွှတ်​ဘဲ​နေ​လေ၏။

မော​ရှေ​က​လည်း၊ ကိုယ်​တော်​နှင့် ကိုယ်​တော်​အိမ်​များ​မှ​ဖား​တို့​ကို ပယ်​ရှင်း​ဖျက်​ဆီး၍၊ မြစ်၌​သာ​နေ​စေ​ခြင်း​ငှာ၊ ကိုယ်​တော်​နှင့် ကိုယ်​တော်​ကျွန်​များ၊ လူ​များ​အ​ဖို့ အ​ကျွန်ုပ်​တောင်း​ပန်​ရ​သော​အ​ချိန်​ကို ချိန်း​ချက်​တော်​မူ​ပါ​ဟု လျှောက်​သော်၊

ထို​အ​ခါ ဖာ​ရော​ဘု​ရင်​သည်​လူ​ကို​စေ​လွှတ်၍၊ မော​ရှေ​နှင့်​အာ​ရုန်​ကို ခေါ်​ပြီး​လျှင်၊ ဤ​အ​မှု၌​ငါ​ပြစ်​မှား​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​တော်​မူ၏။ ငါ​နှင့် ငါ၏​လူ​တို့​သည် အ​ပြစ်​များ​ပါ၏။

တန်​ပါ​ပြီ။ အား​ကြီး​သော​မိုး​ကြိုး​နှင့် မိုး​သီး​စဲ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို​တောင်း​ပန်​ပါ။ သင်​တို့​ကို​ငါ​မ​ဆီး​မ​တား အ​လျင်​အ​မြန်​လွှတ်​မည်​ဟု ဆို​လေ၏။

မော​ရှေ​သည် ဖာ​ရော​ဘု​ရင်​ထံ​မှ​ထွက်၍ မြို့​ပြင်​သို့​သွား​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ လက်​ဝါး​တို့​ကို​ဖြန့်​သ​ဖြင့်၊ မိုး​ကြိုး​နှင့်​မိုး​သီး​စဲ​လေ၏။ မြေ​ပေါ်၌​လည်း မိုး​မ​ရွာ။

ထို​ကြောင့် လူ​များ​တို့​သည် မော​ရှေ​ထံ​သို့​လာ၍ အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​နှင့် ကိုယ်​တော်​ကို​ဆန့်​ကျင်​လျက် ပြော​ဆို၍​ပြစ်​မှား​ပါ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် မြွေ​များ​ကို အ​ကျွန်ုပ်​တို့​မှ ပယ်​ရှား​တော်​မူ​မည်​အ​ကြောင်း ဆု​တောင်း​ပါ​ဟု​လျှောက်​လျှင်၊ မော​ရှေ​သည် လူ​များ​အ​ဖို့ ဆု​တောင်း​လေ၏။

ရှိ​မုန်​က​လည်း၊ မိန့်​တော်​မူ​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ အ​ကျွန်ုပ်​အ​ပေါ်​သို့ မ​ရောက်​ပါ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို အ​ကျွန်ုပ်​အ​ဖို့ အ​လို​ငှာ ဆု​တောင်း​တော်​မူ​ကြ​ပါ​ဟု ပြန်​ပြော၏။-

လူ​အ​ပေါင်း​တို့​က၊ ကိုယ်​တော်၏​ကျွန်​တို့​သည် မ​သေ​ရ​မည်​အ​ကြောင်း၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​တော်​ကျွန်​တို့​အ​ဖို့ ဆု​တောင်း​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ရှင်​ဘု​ရင်​ကို တောင်း​သော​အား​ဖြင့် အ​ထက်​အ​ပြစ်​များ​တို့​အ​ပေါ်​မှာ​ထပ်၍ ဒု​စ​ရိုက်​ကို ပြု​မိ​ပါ​ပြီ​ဟု ရှ​မွေ​လ​အား တောင်း​ပန်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ