Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 8:3

Judson Bible

မြစ်​သည်​လည်း​များ​စွာ​သော ဖား​တို့​ကို​ဖွား​၍၊ သူ​တို့​သည်​သင်​၏​အိမ်၌​လည်း​ကောင်း၊ အိပ်​ခန်း၌​လည်း​ကောင်း၊ အိပ်​ရာ​ပေါ်၌​လည်း​ကောင်း၊ သင်၏​ကျွန်​တို့​အိမ်၌​လည်း​ကောင်း၊ သင်၏​လူ​တို့​အ​ပေါ်၌​လည်း​ကောင်း၊ သင်၏​မီး​ဖို၌​လည်း​ကောင်း၊ မုန့်​နယ်​သော​ခွက်၌​လည်း​ကောင်း တက်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်၊ ရှင်​ဘု​ရင်​သ​မီး ယော​ရှေ​ဘ​သည်၊ အာ​ခ​ဇိ၏​သား ယော​ရှ​ကို​အ​သေ​ခံ​ရ​သော ဆွေ​တော်​မျိုး​တော်​ထဲ​က ခိုး​ယူ၍၊ သူ​နှင့်​သူ၏ နို့​ထိန်း​ကို အိပ်​ခန်း​ထဲ၌ ဝှက်​ထား၏။ ထို​သို့​ယ​ဟော​ရံ​မင်း​ကြီး​သ​မီး၊ ယဇ်​ပု​ရော​ဟိတ်​ယော​ယဒ၏​မ​ယား​ဖြစ်​သော အာ​ခ​ဇိ၏​နှ​မ​ယော​ရှေ​ဘ​သည်၊ အာ​သ​လိ​လက်​မှ ယော​ရှ၏​အ​သက် လွတ်​စေ​ခြင်း​ငှာ​ဝှက်​ထား​သ​ဖြင့်၊

သူ​တို့​မြေ​သည် များ​စွာ​သော​ဖား​တို့​ကို မင်း​အိပ်​ရာ​အ​ခန်း​တို့၌​ပင် ဖွား​လေ၏။

သင်၏​ဘိုး​ဘေး​တို့​သည် မြေ​ပေါ်​မှာ​ဖြစ်​သည်​ကာ​လ​မှ​စ၍၊ ယ​နေ့​တိုင်​အောင် မ​မြင်​ဖူး​သ​ကဲ့​သို့၊ သင်၏​အိမ်​များ၊ သင်၏​ကျွန်​တို့​အိမ်​များ၊ အဲ​ဂု​တ္တု​လူ​အ​ပေါင်း​တို့၏ အိမ်​များ​တို့​ကို ဖြည့်​ကြ​လိမ့်​မည်​ဟု​ဆို​ပြီး​လျှင်၊ လှည့်၍ ဖာ​ရော​ဘု​ရင်​ထံ​မှ ထွက်​သွား​လေ​၏။

ထို​လူ​တို့​သည် တ​ဆေး​မ​ရော​သေး​သော​မုန့်​စိမ်း​ကို​ယူ၍ မုန့်​နယ်​သော​ခွက်​တို့​ကို​လည်း အ​ဝတ်​နှင့်​တ​ကွ​ထုပ်၍​ထမ်း​ကြ​၏။

ထို​အ​ခါ​ဖာ​ရော​ဘု​ရင်​သည် ပ​ညာ​ရှိ​များ၊ ပြု​စား​တတ်​သော​သူ​များ​တို့​ကို​ခေါ်၍၊ အဲ​ဂု​တ္တု​အ​မျိုး ဝိ​ဇ္ဇာ​ဆ​ရာ​တို့​သည်၊ ဝိ​ဇ္ဇာ​အ​တတ်​အား​ဖြင့်​ထို​အ​တူ​ပြု၍၊

ဖား​တို့​သည်​ကိုယ်​တော်​နှင့် ကိုယ်​တော်​အိမ်​များ၊ ကျွန်​များ၊ လူ​များ​ထံ​မှ​ထွက်​သွား၍ မြစ်၌​သာ​နေ​ကြ​လိမ့်​မည်​ဟု မော​ရှေ​လျှောက်​ပြီး​လျှင်၊

မ​လွှတ်​ဘူး​ဟု​ငြင်း​လျှင်၊ သင်၏​ပြည်​တစ်​လျှောက်​လုံး​ကို ဖား​တို့​ဖြင့် ဒဏ်​ခတ်​ဦး​မည်။

သင်​မှ​စ၍ သင်၏​လူ၊ သင်၏​ကျွန်​ရှိ​သ​မျှ​တို့​အ​ပေါ်၌ တက်​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​ကြောင်း​ကို ကြား​ပြော​လော့​ဟု မော​ရှေ​အား မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ