Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 8:26

Judson Bible

မော​ရှေ​က ထို​သို့​မ​ပြု​သင့်။ ပြု​လျှင် အဲ​ဂု​တ္တု​လူ​တို့၏ ရွံ​ရှာ​ဖွယ်​သော​အ​ရာ​ကို အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ရ​ပါ​မည်။ အဲ​ဂု​တ္တု​လူ​တို့၏ ရွံ​ရှာ​ဖွယ်​သော​အ​ရာ​ကို သူ​တို့​မျက်​မှောက်၌ ယဇ်​ပူ​ဇော်​လျှင်၊ သူ​တို့​သည် အ​ကျွန်ုပ်​တို့​ကို​ခဲ​နှင့်​ပစ်​ကြ​ပါ​လိမ့်​မည် မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ယော​သပ်​ဖို့​တစ်​ပွဲ၊ အစ်​ကို​တို့​ဖို့​တစ်​ပွဲ၊ ယော​သပ်​နှင့်​စား​သော အဲ​ဂု​တ္တု​လူ​တို့​ဖို့​တစ်​ပွဲ အ​သီး​အ​သီး​တို့​ကို​ပြင်​ကြ​၏။ အဲ​ဂု​တ္တု​လူ​တို့​သည် ဟေ​ဗြဲ​လူ​တို့​နှင့်​အ​တူ မ​စား​ရ၊ ထို​အ​မှု​ကို​အဲ​ဂု​တ္တု​လူ​တို့​သည် ရွံ​တတ်​ကြ​၏။

ကိုယ်​တော်​ကျွန်​တို့​သည် ဘိုး​ဘေး​နှင့်​တ​ကွ၊ ငယ်​သော​အ​ရွယ်​မှ​စ၍ ယ​ခု​တိုင်​အောင် သိုး​နွား​တို့​ကို​မွေး​သော​သူ​ဖြစ်​ကြ​ပါ၏​ဟု လျှောက်​ရ​မည်။ သို့​ဖြစ်၍ ဂေါ​ရှင်​ပြည်​မှာ​နေ​သော​အ​ခွင့်​ကို ရ​ကြ​လိမ့်​မည်။ သိုး​ထိန်း​ဖြစ်​သော​သူ​ကို အဲ​ဂု​တ္တု​လူ​တို့​သည် ရွံ​ရှာ​တတ်​ကြ၏​ဟု အစ်​ကို​များ၊ အ​ဘ၏​အိမ်​သား​များ​တို့​ကို ပြော​ဆို​၏။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ရှော​လ​မုန်​သည် ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့၊ ဖျက်​ဆီး​ခြင်း​တောင်​လက်​ယာ​ဘက်၌ ရွံ​ရှာ​ဖွယ်​သော ဇိ​ဒုန်​ဘု​ရား​အာ​ရှ​တ​ရက်၊ ရွံ​ရှာ​ဖွယ်​သော မော​ဘ​ဘု​ရား​ခေ​မု​ရှ၊ ရွံ​ရှာ​ဖွယ်​သော အ​မ္မုန်​ဘု​ရား​မိ​လ​ကုံ​အ​ဖို့ တည်​သော ကုန်း​တို့​ကို​လည်း ရှင်​ဘု​ရင်​ညစ်​ညူး​စေ​တော်​မူ၏။

ထို​အ​မှု​ပြီး​မှ၊ အ​ကြီး​အ​ကဲ​တို့​သည် ငါ့​ထံ​သို့​လာ၍ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​အ​စ​ရှိ​သော ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ဤ​ပြည်​သား​ရင်း​တို့​နှင့် ပေါင်း​ဖော်​သ​ဖြင့်၊ ခါ​နာ​နိ​လူ၊ ဟိ​တ္တိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ယေ​ဗု​သိ​လူ၊ အ​မ္မုန်​လူ၊ မော​ဘ​လူ၊ အဲ​ဂု​တ္တု​လူ၊ အာ​မော​ရိ​လူ​တို့ ရွံ​ရှာ​ဖွယ်​သော​အ​ကျင့်​ကို ကျင့်​ကြ​ပါ၏။

သူ​တို့​သည် သင်၏​စ​ကား​ကို​နား​ထောင်၍၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား အ​သက်​ကြီး​သူ​များ​ပါ​လျက်၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ထံ​သို့​ဝင်​သ​ဖြင့်၊ ဟေ​ဗြဲ​လူ​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​နှင့်​တွေ့​တော်​မူ​ပြီ။ အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ခြင်း​ငှာ တော​သို့ သုံး​ရက်​ခ​ရီး​သွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​ရ​မည်။

ထို​အ​ခါ​ဖာ​ရော​မင်း​သည်၊ မော​ရှေ​နှင့်​အာ​ရုန်​ကို​ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖား​တို့​ကို​ငါ​နှင့် ငါ့​လူ​တို့​ထံ​မှ​ပယ်​ရှား​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​လော့။ ဣ​သ​ရေ​လ​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ရ​သော​အ​ခွင့်​ကို ငါ​ပေး​မည်​ဟု​ဆို၏။

ငါ​သည် တစ်​ပိုင်း​နှင့် မီး​မွှေးပြီး။ မုန့်​ကို​လည်း ထို​မီး​ခဲ​ပေါ်​မှာ ဖုတ်​လေ​ပြီ။ အ​မဲ​သား​ကို​လည်း ကင်၍ စား​လေ​ပြီ။ ကြွင်း​သော အ​ပိုင်း​ကို စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ဖြစ်​စေ​ရ​မည်​လော။ သစ်​သား​ရှေ့​မှာ ငါ​ပျပ်​ဝပ်​ရ​မည်​လော​ဟု စိတ်​နှ​လုံး​ထဲ​မှာ အောက်​မေ့​ဆင်​ခြင်​နိုင်​သော ဉာဏ်​ပ​ညာ အ​လျှင်း​မ​ရှိ​ပါ​တ​ကား။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ