မလွှတ်ဘဲနေလျှင် သင်နှင့်သင်၏ကျွန်များ၊ လူများ၊ အိမ်များထဲသို့ ယင်ရဲတို့ကို ငါစေလွှတ်သဖြင့် အဲဂုတ္တုလူတို့နေသောအိမ်၊ ရပ်သောမြေသည် ယင်ရဲနှင့်အပြည့်ရှိရလိမ့်မည်။
အမိန့်တော်ရှိ၍ ယင်ရဲနှင့် ခြင်တို့သည် တစ်ပြည်လုံးကို နှံ့ပြားကြ၏။
သူတို့ကို ကိုက်စားတတ်သော ယင်ရဲတို့ကိုလည်းကောင်း၊ ဖျက်ဆီးတတ်သော ဖားတို့ကိုလည်းကောင်း စေလွှတ်တော်မူ၏။
သင်၏ဘိုးဘေးတို့သည် မြေပေါ်မှာဖြစ်သည်ကာလမှစ၍၊ ယနေ့တိုင်အောင် မမြင်ဖူးသကဲ့သို့၊ သင်၏အိမ်များ၊ သင်၏ကျွန်တို့အိမ်များ၊ အဲဂုတ္တုလူအပေါင်းတို့၏ အိမ်များတို့ကို ဖြည့်ကြလိမ့်မည်ဟုဆိုပြီးလျှင်၊ လှည့်၍ ဖာရောဘုရင်ထံမှ ထွက်သွားလေ၏။
ထာဝရဘုရားကလည်း၊ သင်သည် နံနက်စောစောထလော့။ ရေဆိပ်သို့ထွက်သွားသော ဖာရောဘုရင်ရှေ့မှာရပ်၍ ထာဝရဘုရားက၊ ငါ၏လူတို့သည် ငါ့အားဝတ်ပြုမည်အကြောင်း၊ သူတို့ကိုလွှတ်လော့။
ငါသည် မြေကြီးအလယ်၌ ထာဝရဘုရားဖြစ်ကြောင်းကို သင်သိစေခြင်းငှာ ငါ၏လူတို့နေရာဂေါရှင်ပြည်ကို ထိုနေ့၌ငါခြားနားစေ၍၊ ထိုပြည်၌ ယင်ရဲမရှိရ။
ထိုသို့ထာဝရဘုရားပြုတော်မူသဖြင့်၊ အလွန်ကြမ်းတမ်းသော ယင်ရဲတို့သည်၊ ဖာရောဘုရင်အိမ်အစရှိသော သူ၏ကျွန်တို့အိမ်၊ အဲဂုတ္တုပြည်တစ်လျှောက်လုံး၌ ရောက်လာ၍၊ ထိုယင်ရဲတို့ကြောင့် အဲဂုတ္တုပြည်ပျက်လေ၏။
ထိုကာလ၌ အဲဂုတ္တုမြစ်လက်ကြားတို့ အနားမှာရှိသော ယင်ကောင်ကိုလည်းကောင်း၊ အာရှုရိပြည်၌ရှိသော ပျားကောင်ကိုလည်းကောင်း၊ နှိုးဆော်တော်မူသဖြင့်၊