Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 8:14

Judson Bible

အ​သေ​ကောင်​တို့​ကို​စု​ပုံ၍​ထား​သ​ဖြင့် တစ်​ပြည်​လုံး​နံ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် လူ​များ​ပေး​သော​နွား​ကို​ယူ၍ လုပ်​ပြီး​လျှင်၊ အို​ဗာ​လ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​အား​ထူး​တော်​မူ​ပါ​ဟု နံ​နက်​အ​ချိန်​မှ​စ၍ မွန်း​တည့်​အ​ချိန်​တိုင်​အောင် ဗာ​လ၏​နာ​မ​ကို ဟစ်​ခေါ်​ကြ၏။ သို့​ရာ​တွင် ဗျာ​ဒိတ်​သံ​မ​ရှိ။ ထူး​သော​သူ​လည်း မ​ရှိ။ သူ​တို့​သည် ကိုယ်​တည်​သော ယဇ်​ပ​လ္လင်​ရှေ့​မှာ က​ခုန်​ကြ၏။

မွန်း​လွဲ၍ ညဉ့်​ဦး​ယံ ယဇ်​ပူ​ဇော်​ချိန်​တိုင်​အောင် ပ​ရော​ဖက်​ပြု​ကြ​သော်​လည်း၊ ဗျာ​ဒိတ်​သံ​မ​ရှိ။ ထူး​သော​သူ၊ အ​မှု​ထား​သော​သူ​လည်း မ​ရှိ​သော​အ​ခါ၊

မြစ်၌​ရှိ​သော ငါး​တို့​သည်​လည်း​သေ​ကြ၍၊ မြစ်​ရေ​နံ​သော​ကြောင့်၊ အဲ​ဂု​တ္တု​လူ​တို့​သည် မြစ်​ရေ​ကို​မ​သောက်​နိုင်​ကြ။ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ အ​သွေး​နှံ့​ပြား​လျက်​ရှိ​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​တောင်း​လျှောက်​သော စ​ကား​အ​တိုင်း​ပြု​တော်​မူ​သ​ဖြင့်၊ ဖား​တို့​သည် အိမ်​များ၊ ရွာ​များ၊ လယ်​ပြင်​များ​တို့​တွင် သေ​ကြ၏။

ဖာ​ရော​မင်း​လည်း၊ သက်​သာ​ရ​ကြောင်း​ကို​သိ​မြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ နှ​လုံး​ခိုင်​မာ၍ သူ​တို့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ပြန်​လေ၏။

ထို​သို့​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သ​ဖြင့်၊ အ​လွန်​ကြမ်း​တမ်း​သော ယင်​ရဲ​တို့​သည်၊ ဖာ​ရော​ဘု​ရင်​အိမ်​အ​စ​ရှိ​သော သူ၏​ကျွန်​တို့​အိမ်၊ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ ရောက်​လာ၍၊ ထို​ယင်​ရဲ​တို့​ကြောင့် အဲ​ဂု​တ္တု​ပြည်​ပျက်​လေ၏။

ဝိ​ဇ္ဇာ​ဆ​ရာ​တို့​သည်​အ​နာ​ဆိုး​ကြောင့်၊ မော​ရှေ​ရှေ့၌ မ​ရပ်​မ​နေ​နိုင်။ ထို​အ​နာ​ဆိုး​သည် ဝိ​ဇ္ဇာ​ဆ​ရာ​တို့၌​လည်း​ကောင်း၊ အဲ​ဂု​တ္တု​လူ​အ​ပေါင်း​တို့၌​လည်း​ကောင်း​စွဲ​သ​တည်း။

အ​ကယ်​စင်​စစ် ဇော​န​မင်း​တို့​သည် အ​ရူး​ဖြစ်​ကြ၏။ ဖာ​ရော​ဘု​ရင်၏ တိုင်​ပင်​မှူး​မတ်​တို့​သည် မိုက်​သော​အ​ကြံ​ကို ပေး​ကြ၏။ ကျွန်​တော်​သည် ပ​ညာ​ရှိ​အ​မျိုး၊ ရှေး​ဘု​ရင်​တို့​အ​နွယ်​ဖြစ်​ပါ​သည်​ဟု ဖာ​ရော​ဘု​ရင်​အား အ​ဘယ်​ကြောင့် လျှောက်​ကြ​သ​နည်း။

ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​သည် လူ​မျိုး​အ​ပေါင်း​တို့၌ ထွက်၍၊ ပြင်း​စွာ​သော​အ​မျက်​တော်​သည် သူ​တို့​အ​လုံး​အ​ရင်း​အ​ပေါ်​မှာ သင့်​ရောက်​လေ၏။ သူ​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး၍၊ အ​သေ​သတ်​ခြင်း၌ အပ်​လိုက်​တော်​မူ၏။

ထို​ကာ​လ​တွင် ဣ​သ​ရေ​လ​ပြည်၊ အိုင်​အ​ရှေ့၊ ခ​ရီး​သွား​ရာ​ချိုင့်၌ ထင်​ရှား​သော​သင်္ချိုင်း​ကို ဂေါ​ဂ​အား ငါ​ပေး​မည်။ ခ​ရီ​သွား​သော သူ​တို့​သည် နှာ​ခေါင်း​ကို ပိတ်​ရ​ကြ​လိမ့်​မည်။ ထို​အ​ရပ်၌ ဂေါ​ဂ​နှင့် သူ၏​လူ​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​ကို မြေ၌​မြှုပ်၍၊ ထို​ချိုင့်​သည် ဟာ​မုန်​ဂေါ​ဂ​ချိုင့်​အ​မည်​ဖြင့် တွင်​လိမ့်​မည်။

မြောက်​မျက်​နှာ တပ်​သား​တို့​ကို သင်​တို့​နေ​ရာ​မှ ငါ​ပယ်​ရှား​မည်။ အ​ဘယ်​သူ​မျှ မ​ရှိ၊ သွေ့​ခြောက်​သော အ​ရပ်​သို့ နှင်​ထုတ်​မည်။ အ​ရှေ့​ပင်​လယ်​ကို မျက်​နှာ​ပြု​လျက်၊ အ​နောက်​ပင်​လယ်​ကို ကျော​ခိုင်း​လျက် ချီ​သွား​လိမ့်​မည်။ ပုပ်​စပ်​နံ​စော်​သော အ​နံ့​ထွက်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​သော အ​မှု​တို့​ကို ပြု​တော်​မူ​မည်​ဟု မိန့်​တော်​မူ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ