Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 7:9

Judson Bible

ဖာ​ရော​ဘု​ရင်​က၊ သင်​တို့​အ​တွက် ထူး​ဆန်း​သော​တန်​ခိုး​ကို​ပြ​လော့​ဟု​ဆို​လျှင်၊ သင်၏​လှံ​တံ​ကို​ယူ၍ ရှေ့​တော်၌​ချ​လော့​ဟု အာ​ရုန်​အား​ပြော​လော့။ လှံ​တံ​သည်​လည်း မြွေ​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

မော​ရှေ​သည် မိ​မိ​လှံ​တံ​ကို​အဲ​ဂု​တ္တု​ပြည်​အ​ပေါ်​မှာ ဆန့်​သ​ဖြင့်၊ ထို​နေ့​နှင့် ထို​ည​ပတ်​လုံး၊ အ​ရှေ့​လေ​ကို မြေ​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​လာ​စေ​တော်​မူ၍၊ နံ​နက်​ရောက်​မှ အ​ရှေ့​လေ​သည် ကျိုင်း​တို့​ကို​ဆောင်​ခဲ့​လေ​၏။

သင်​သည် နိ​မိတ်​သက်​သေ​တို့​ကို​ပြ​လ​တ္တံ့​သော ဤ​လှံ​တံ​ကို​လည်း၊ သင်၏​လက်၌​ကိုင်​ရ​မည်​ဟု မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​လက်၌​အ​ဘယ်​အ​ရာ​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ လှံ​တံ​ရှိ​ပါ၏​ဟု​လျှောက်၏။

ထို​အ​ခါ၊ မော​ရှေ​သည် မ​ယား​နှင့်​သား​နှစ်​ယောက်​တို့​ကို​ယူ၍ မြည်း​ကို​စီး​စေ​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏​လှံ​တံ​တော်​ကို​လက်​စွဲ​လျက်၊ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​လေ၏။

မြေ​ပေါ်​မှာ​ပစ်​ချ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း​ပစ်​ချ​သ​ဖြင့်၊ လှံ​တံ​သည်​မြွေ​ဖြစ်၍၊ မော​ရှေ​သည် သူ့​ရှေ့​မှ​ပြေး​လေ၏။

တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့​အား​မိန့်​တော်​မူ​သည်​ကား၊

မော​ရှေ​သည်​မိ​မိ​လှံ​တံ​ကို မိုး​ကောင်း​ကင်​သို့​ဆန့်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကြိုး​နှင့်​မိုး​သီး​ကို လွှတ်​တော်​မူ၏။ မီး​သည်​လည်း မြေ​ပေါ်​မှာ​ပြေး​လေ၏။ ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည်၊ အဲ​ဂု​တ္တု​ပြည်၌ မိုး​သီး​ရွာ​စေ​တော်​မူ​သ​ဖြင့်၊

နက်​သော​အ​ရပ်၌ ဖြစ်​စေ၊ မြင့်​သော​အ​ထက်​အ​ရပ်၌ ဖြစ်​စေ၊ တောင်း​ပန်​လော့​ဟု အာ​ခတ်​မင်း​ကို မိန့်​တော်​မူ​လျှင်၊

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ အို အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း၊ ကိုယ်​မြစ်​များ​အ​လယ်၌ နေ​လျက်၊ ငါ့​မြစ်​ကို ငါ​ပိုင်၏။ ငါ့​အ​ဖို့ ငါ​ဖန်​ဆင်း​ပြီ​ဟု ဆို​တတ်​သော မိ​ကျောင်း​ကြီး၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။

ကိုယ်​တော်​က ဆိုး​ညစ်၍ မျောက်​မ​ထား​သော​အ​မျိုး​သည် နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​သည်​မှာ၊ ပ​ရော​ဖက်​ယော​န၏ နိ​မိတ်​လ​က္ခ​ဏာ မှ​တစ်​ပါး အ​ဘယ်​လ​က္ခ​ဏာ​ကို​မျှ သူ​တို့​အား​မ​ပြ​ရာ။-

ပြု​လျှင်​ငါ့​ကို​မ​ယုံ​သော်​လည်း ထို​အ​မှု​တို့​ကို ယုံ​ကြ​လော့။ ထို​သို့​ယုံ​လျှင် ခ​မည်း​တော်​သည် ငါ၌ ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ငါ​သည်​ခ​မည်း​တော်၌ ရှိ​သည်​ကို​လည်း​ကောင်း ယုံ၍ သိ​မှတ်​ကြ​လိမ့်​မည်ဟု မိန့်​တော်​မူ၏။

ယု​ဒ​လူ​တို့​က​လည်း၊ သင်​သည် ဤ​သို့​ပြု​လျှင် အ​ဘယ်​နိ​မိတ်​လ​က္ခ​ဏာ​ကို ငါ​တို့​အား ပြ​မည်​နည်း​ဟု ဆို​ကြ၏။-

ထို​သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​မျက်​စိ​နှင့်​မြင်၍ ကိုယ်​တော်​ကို​ယုံ​ကြည်​မည်​အ​ကြောင်း အ​ဘယ်​နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​သ​နည်း။ အ​ဘယ်​အ​မှု​ကို ပြု​တော်​မူ​သ​နည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ