Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 7:23

Judson Bible

နန်း​တော်​သို့​လှည့်​လည်​ပြန်​သွား၍ ထို​အ​မှု​ကို နှ​လုံး​မ​သွင်း​ဘဲ​နေ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည် လူ​ကို​ပ​မာ​ဏ​ပြု၍ စိတ်​စွဲ​လမ်း​တော်​မူ​မည်​အ​ကြောင်း၊

ညှဉ်း​ဆဲ​ခြင်း​ကို မ​ကိုး​စား​ကြ​နှင့်။ အ​နိုင်​အ​ထက်​လု​ယူ၍ မ​ဝါ​ကြွား​ကြ​နှင့်။ ဥ​စ္စာ​များ​ပြား​လျှင် စိတ်​စွဲ​လမ်း​ခြင်း မ​ရှိ​ကြ​နှင့်။

အဲ​ဂု​တ္တု​အ​မျိုး​သား​ဝိ​ဇ္ဇာ​ဆ​ရာ​တို့​လည်း ဝိ​ဇ္ဇာ​အ​တတ်​အား​ဖြင့် ထို​အ​တူ​ပြု​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဖာ​ရော​ဘု​ရင်​သည် နှ​လုံး​ခိုင်​မာ၍ သူ​တို့၏​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၏။

ထို​အ​ခါ အဲ​ဂု​တ္တု​လူ​တို့​သည် မြစ်​ရေ​ကို​မ​သောက်​နိုင်​သော​ကြောင့်၊ သောက်​ရေ​ကို​ရ​ခြင်း​ငှာ မြစ်​နား​မှာ​တွင်း​တူး​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို ကြောက်​ရွံ့​သော ဖာ​ရော​ဘု​ရင်၏​ကျွန်​တို့​သည်၊ မိ​မိ​ကျွန်​နှင့် မိ​မိ​တိ​ရ​စ္ဆာန်​တို့​ကို အိမ်​သို့​ပြေး​စေ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို ပ​မာ​ဏ​မ​ပြု​သော​သူ​တို့​သည်၊ မိ​မိ​ကျွန်၊ မိ​မိ​တိ​ရ​စ္ဆာန်​တို့​ကို လယ်​ပြင်၌​ထား​ကြ၏။

သင်၏​နား​ကို​ညွှတ်၍ ပ​ညာ​ရှိ​စ​ကား​ကို နား​ထောင်​လော့။ ငါ့​ပ​ညာ​အ​တတ်​ကို​လည်း စိတ်​နှ​လုံး၌ စွဲ​လမ်း​လော့။

ငါ​မြင်၍ စေ့​စေ့​ဆင်​ခြင်၏။ ကြည့်​ရှု၍ သွန်​သင်​ခြင်း​ကို ခံ​ရ၏။

အ​စဉ်​မ​ပြတ်​ကြောက်​ရွံ့​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ မိ​မိ​စိတ်​နှ​လုံး​ကို ခိုင်​မာ​စေ​သော​သူ​မူ​ကား၊ ဘေး​ဥ​ပဒ်​နှင့် တွေ့​လိမ့်​မည်။

အ​ထပ်​ထပ်​ဆုံး​မ​ခြင်း​ကို​ခံ​သော်​လည်း၊ မိ​မိ​လည်​ပင်း​ကို ခိုင်​မာ​စေ​သော​သူ​သည် ကိုး​ကွယ်​ရာ​မ​ရ၊ ရုတ်​တ​ရက် ပျက်​စီး​လိမ့်​မည်။

အို ထာ​ဝ​ရ​ဘု​ရား၊ လက်​တော်​ကို ချီ​တော်​မူ​သော်​လည်း၊ သူ​တို့​သည် မ​မြင်​မ​မှတ်​ကြ​ပါ။ သို့​သော်​လည်း၊ ကိုယ်​တော်၏ လူ​တို့​အ​ဖို့ စိတ်​အား​ကြီး​တော်​မူ​ကြောင်း​ကို၊ သူ​တို့​သည် မြင်၍ အ​ရှက်​ကွဲ​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်၏ ရန်​သူ​တို့​ကို မီး​လောင်​ရ​ပါ​လိမ့်​မည်။

သင်​က​လည်း၊ ငါ​သည် အ​ရှင်​မ၏​အ​ရာ၌ အ​စဉ်​အ​မြဲ​နေ​မည်​ဟု ထင်​သော​ကြောင့်၊ ဤ​အ​မှု​အ​ရာ​တို့​ကို မ​ဆင်​ခြင်။ သင်၌ နောက်​ဆုံး​ဖြစ်​လ​တ္တံ့​သော​အ​မှု​ကို မ​အောက်​မေ့။

ရှင်​ဘု​ရင်​မှ​စ၍၊ ထို​စ​ကား​အ​လုံး​စုံ​တို့​ကို ကြား​သော ရှင်​ဘု​ရင်၏ ကျွန်​တစ်​ယောက်​မျှ မ​ကြောက်၊ မိ​မိ​အ​ဝတ်​ကို​လည်း မ​ဆုတ်​ကြ။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သ​စ္စာ​တ​ရား​ကို ထောက်​ရှု​တော်​မူ​သည် မ​ဟုတ်​လော။ ကိုယ်​တော်​သည် ဒဏ်​ခတ်​တော်​မူ​သော်​လည်း သူ​တို့​သည် ညှိုး​ငယ်​သော​စိတ်​မ​ရှိ​ကြ​ပါ။ ဖျက်​ဆီး​တော်​မူ​သော်​လည်း၊ သူ​တို့​သည် ဆုံး​မ​ခြင်း​ကို ငြင်း​ပယ်​ကြ​ပါ​ပြီ။ မိ​မိ​တို့​မျက်​နှာ​ကို ကျောက်​ထက်​သာ၍​မာ​စေ​ကြ​ပါ​ပြီ။ ငါ​တို့​သည် ပြန်၍​မ​လာ​ဟု ငြင်း​ဆန်​လျက် နေ​ကြ​ပါ​ပြီ။

ထို​သူ​က၊ အ​ချင်း​လူ​သား၊ စေ့​စေ့​ကြည့်​ရှု​လော့။ စေ့​စေ့​နား​ထောင်​လော့။ ငါ​ပြ​လ​တ္တံ့​သ​မျှ​တို့​ကို နှ​လုံး​သွင်း​လော့။ သင့်​အား ငါ​ပြ​အံ့​သော​ငှာ သင့်​ကို​ဤ​အ​ရပ်​သို့​ဆောင်​ခဲ့​တော်​မူ​ပြီ၊ မြင်​သ​မျှ​တို့​ကို​လည်း ဣ​သ​ရေ​လ​အ​မျိုး​အား ပြ​ရ​မည်​ဟု​ဆို၏။

သ​စ္စာ​ပျက်​သော​သူ​တို့၊ ကြည့်​ရှု​ဆင်​ခြင်၍ အ​လွန်​မှိုင်​တွေ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​အား သူ​တစ်​ပါး​ပြ​ညွှန်​သော်​လည်း သင်​တို့ မ​ယုံ​သော​အ​မှု​ကို သင်​တို့​လက်​ထက်​ကာ​လ၌ ငါ​ပြု၏။

ငါ၏​နာ​မ​တော်​ကို ချီး​မွမ်း​လို​သော​ငှာ သင်​တို့​သည် နား​မ​ထောင်၊ နှ​လုံး​မ​သွင်း​ဘဲ​နေ​လျှင်၊ ကျိန်​ခြင်း​ဘေး​ကို သင်​တို့​အ​ပေါ်​သို့ ငါ​လွှတ်​လိုက်​မည်။ သင်​တို့၏​မင်္ဂ​လာ​ကို အ​မင်္ဂ​လာ​ဖြစ်​စေ​မည်။ ထို​မျှ​မ​က၊ နှ​လုံး​မ​သွင်း​ဘဲ​နေ​သော​ကြောင့် ယ​ခု​ပင် အ​မင်္ဂ​လာ​ဖြစ်​စေ​ပြီ။

သင်​တို့​အား ယ​နေ့​ငါ​သက်​သေ​ခံ​သ​မျှ​သော စ​ကား​တို့​ကို နှ​လုံး​သွင်း​ကြ​လော့။ သင်​တို့​သား​သ​မီး​တို့​သည် ဤ​ပ​ညတ်​တ​ရား စ​ကား​တော်​အ​လုံး​စုံ​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ၊ သူ​တို့​အား ထပ်​ဆင့်၍ မှာ​ထား​ရ​ကြ​မည်။

သေ​လု​သော​အ​ခါ အ​နား​မှာ​ရှိ​သော မိန်း​မ​တို့​က၊ မ​စိုး​ရိမ်​နှင့်။ သား​ယောက်ျား​ကို ဖွား​မြင်​ပြီ​ဟု ဆို​သော်​လည်း ပြန်​မ​ပြော၊ အ​မှု​မ​ထား​ဘဲ​နေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ