အာရုန်သားဧလဇာသည် ပုတျေလသမီးတစ်ယောက်နှင့်စုံဖက်၍၊ သူသည် ဖိနဟတ်ကိုဖွားလေ၏။ ဤသူတို့သည်လေဝိအမျိုး၊ အသီးအသီးတို့၏ အဆွေအမျိုးသူကြီးဖြစ်ကြသတည်း။
ဘိုးဘအဆွေအမျိုးအလိုက် စာရင်းဝင်သော လေဝိ၏သားဟူမူကား၊ ဂေရရှုန်မှဆင်းသက်သော ဂေရရှောနိအဆွေအမျိုး၊ ကောဟတ်မှဆင်းသက်သော ကောဟသိအဆွေအမျိုး၊ မေရာရိမှဆင်းသက်သော မေရောရိတ်အဆွေအမျိုးတည်း။
မောရှေသည်ထိုသူတို့ကိုလည်းကောင်း၊ သန့်ရှင်းသောလက်နက်နှင့်တကွ၊ မှုတ်ရာတံပိုးတို့ကိုကိုင်သော ယဇ်ပုရောဟိတ်ဧလာဇာသား ဖိနဟတ်ကိုလည်းကောင်း စစ်ချီစေ၏။
ဣသရေလအမျိုးသားတို့သည်၊ ယဇ်ပုရောဟိတ်ဧလာဇာသား ဖိနဟတ်နှင့်တကွ၊ ဣသရေလအမျိုး အသီးအသီးတို့အထဲက ရွေးကောက်၍၊ လူတစ်ထောင်ကိုအုပ်သော အဆွေအမျိုး သူကြီးဆယ်ပါးတို့ကို ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်ရှိရာ ဂိလဒ်ပြည်သို့ စေလွှတ်ကြ၏။
အာရုန်သား ယဇ်ပုရောဟိတ်ဧလာဇာသည်လည်း အနိစ္စရောက်လေ၏။ သူ၏သားဖိနဟတ်အား လူများပေးခဲ့သော ဧဖရိမ်တောင်ပေါ်၊ ဖိနဟတ်ကုန်း၌ သင်္ဂြိုဟ်ကြ၏။ ယောရှုမှတ်စာပြီး၏။
ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့ ညီဗင်္ယာမိန်အမျိုးသားတို့ကို တစ်ဖန်သွား၍ တိုက်ရပါမည်လော၊ မသွားဘဲနေရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော်၊ ထာဝရဘုရားက သွားကြလော့။ နက်ဖြန်နေ့တွင် သူတို့ကို သင်တို့လက်၌ ငါအပ်မည်ဟု မိန့်တော်မူ၏။