Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 6:23

Judson Bible

အာ​ရုန်​သည် အ​မိ​န​ဒပ်​သ​မီး၊ နာ​ရှုန်​နှ​မ​ဧ​လိ​ရှ​ဘ​နှင့်​စုံ​ဖက်၍၊ သူ​သည် နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လ​ဇာ၊ ဣ​သ​မာ​တို့​ကို ဖွား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

အာ​ရံ​သား​ကား အ​မိ​န​ဒပ်၊ အ​မိ​န​ဒပ်​သား​ကား၊ ယု​ဒ​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​သော နာ​ရှုန်​တည်း။

အာ​မ​ရံ​သား​ကား အာ​ရုန်၊ မော​ရှေ၊ မိ​ရိ​အံ​တည်း။ အာ​ရုန်​သား​ကား နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ၊ ဣ​သ​မာ​တည်း။

တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် အာ​ရုန်၊ နာ​ဒပ်၊ အ​ဘိ​ဟု​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ ခု​နစ်​ကျိပ်​နှင့်​တ​ကွ၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ တက်၍၊ သူ​တို့​သည် ဝေး​ဝေး​ကိုး​ကွယ်​ကြ​စေ။

ထို​အ​ခါ မော​ရှေ၊ အာ​ရုန်၊ နာ​ဒပ်၊ အ​ဘိ​ဟု​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ ခု​နစ်​ကျိပ်​တို့​သည်​တက်၍၊

သင်၏​အစ်​ကို​အာ​ရုန်​သည်၊ ငါ့​ရှေ့​မှာ​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရ​မည်​အ​ကြောင်း၊ သူ​နှင့် သူ၏​သား​တည်း​ဟူ​သော နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ၊ ဣ​သ​မာ​တို့​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ထဲ​က ရွေး​ချယ်၍ သင့်​အောက်၌​ခန့်​ထား​လော့။

မော​ရှေ​သည်​လည်း၊ အာ​ရုန်​နှင့် ကြွင်း​သော​သား​ဧ​လာ​ဇာ၊ ဣ​သ​မာ​တို့​ကို​ခေါ်၍၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​မီး​ဖြင့်​ပြု​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​အ​ကြွင်း​ကို​ယူ၍ တ​ဆေး​မ​ပါ​ဘဲ ယဇ်​ပ​လ္လင်​နား​မှာ​စား​ကြ​လော့။ အ​လွန်​သန့်​ရှင်း​ပေ၏။

မော​ရှေ​သည် အာ​ရုန်​နှင့်​သူ၏​သား ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့​ကို​ခေါ်၍၊ သင်​တို့​လည်း​သေ​မည်။ လူ​အ​ပေါင်း​တို့​အ​ပေါ်​မှာ အ​မျက်​တော်​သင့်​ရောက်​မည်​ကို စိုး​ရိမ်​သည်​ဖြစ်၍၊ သင်​တို့​ဦး​ထုပ်​ကို မ​ချွတ်​နှင့်။ အ​ဝတ်​ကို​မ​ဆုတ်​နှင့်။ သင်​တို့​ညီ​အစ်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ရှိ​သ​မျှ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော မီး​လောင်​ခြင်း​ကို​သာ ငို​ကြွေး​မြည်​တမ်း​ကြ​စေ။

ယု​ဒ​အ​မျိုး၊ အ​မိ​န​ဒပ်​သား​နာ​ရှုန်။

နေ​ထွက်​ရာ​အ​ရှေ့​မျက်​နှာ၌၊ ယု​ဒ​တပ်​အ​လံ​နှင့် ဆိုင်​သော​အ​လုံး​အ​ရင်း​သည် နေ​ရာ​ကျ၍ အ​မိ​န​ဒပ်​သား​နာ​ရှုန်​သည် ယု​ဒ​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။

သို့​ဖြစ်၍ အာ​ရုန်​နှင့် သူ၏​သား​ဧ​လာ​ဇာ​ကို​ခေါ်၍ ဟော​ရ​တောင်​ပေါ်​သို့ ဆောင်​သွား​ပြီး​လျှင်၊

မော​ရှေ​သည် အာ​ရုန်၏​အ​ဝတ်​ကို​ချွတ်၍ သား​ဧ​လာ​ဇာ​ကို​ဝတ်​စေ​ပြီး​မှ၊ အာ​ရုန်​သည် တောင်​ထိပ်၌ သေ​လေ၏။ မော​ရှေ​နှင့်​ဧ​လာ​ဇာ​တို့​သည် တောင်​ပေါ်​က ဆင်း​လာ​ကြ၏။

အာ​ရံ​သား အ​မိ​န​ဒပ်။ အ​မိ​န​ဒပ်​သား နာ​ရှုန်။ နာ​ရှုန်​သား စာ​လ​မုန်။-

ယု​ဒ​ပြည်​ကို​အ​စိုး​ရ​သော ဟေ​ရုဒ်​မင်း​ကြီး​လက်​ထက်၊ အ​ဘိ​ယ​အ​သင်း​အ​ဝင် ဖြစ်၍၊ ဇာ​ခ​ရိ​အ​မည်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​ရှိ၏။ သူ၏​ခင်​ပွန်း​သည် အာ​ရုန်​အ​မျိုး​အ​နွယ်​ဖြစ်၏။ သူ့​အ​မည်​ကား ဧ​လိ​ရှ​ဗက်​တည်း။-

အာ​ရုန်​သား ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​သည်​လည်း အ​နိ​စ္စ​ရောက်​လေ၏။ သူ၏​သား​ဖိ​န​ဟတ်​အား လူ​များ​ပေး​ခဲ့​သော ဧ​ဖ​ရိမ်​တောင်​ပေါ်၊ ဖိ​န​ဟတ်​ကုန်း၌ သင်္ဂြိုဟ်​ကြ၏။ ယော​ရှု​မှတ်​စာ​ပြီး၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ