Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 6:2

Judson Bible

တစ်​ဖန်​ဘု​ရား​သ​ခင်​သည် မော​ရှေ​၌ ဗျာ​ဒိတ်​ထား​တော်​မူ​သည်​ကား၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်၊ ငါ​သည် ဤ​ပြည်​ကို​သင်​အ​မွေ​ခံ​စ​ရာ​ဖို့၊ သင်​အား​ပေး​လို​သော​ငှာ၊ ခါ​လ​ဒဲ​ပြည်​သား​တို့​နေ​သော​ဥ​ရ​မြို့​မှ သင့်​ကို​ထုတ်​ဆောင်​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ​လျှင်၊

အ​ကြောင်း​မူ​ကား၊ ယ​နေ့​ည​တွင် အဲ​ဂု​တ္တု​ပြည်​ကို ငါ​သည် ထုတ်​ချင်း​ခပ်​သွား၍၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော လူ​တို့၏​သား​ဦး​များ​နှင့် တိ​ရ​စ္ဆာန်​တို့၏ သား​ဦး​များ​အ​ပေါင်း​တို့​ကို​ဒဏ်​ခတ်၍၊ အဲ​ဂု​တ္တု​ပြည်၏​ဘု​ရား​တို့​ကို တ​ရား​စီ​ရင်​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။

ထို​သို့​ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​အား​ဖြင့် ငါ့​ဘုန်း​ပွင့်​သော​အ​ခါ၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို၊ အဲ​ဂု​တ္တု​လူ​တို့​သည် သိ​ရ​ကြ​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​သည် စစ်​သူ​ရဲ​ဖြစ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော နာ​မ​တော်​ရှိ​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ သိန်​တော​ထဲ​က​ထွက်၍​ခ​ရီး​သွား​သ​ဖြင့်၊ ရေ​ဖိ​ဒိမ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်၌ လူ​များ​သောက်​ဖို့​ရာ​ရေ​မ​ရှိ။

ငါ​သည် သင့်​ကို ကျွန်​ခံ​နေ​ရာ​အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​ဆောင်​ယူ​ခဲ့​ပြီး​သော သင်​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၏။

ဘု​ရား​သ​ခင်​က​လည်း၊ ငါ​ဖြစ်​သည်​အ​တိုင်း​ငါ​ဖြစ်၏​ဟူ၍​လည်း​ကောင်း၊ ငါ​ဖြစ်​သည်​ဟု အ​မည်​ရှိ​သော​သူ​သည်၊ ငါ့​ကို​သင်​တို့​ရှိ​ရာ​သို့​စေ​လွှတ်​တော်​မူ​ပြီ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြန်​ပြော​လော့​ဟူ၍​လည်း​ကောင်း၊ မော​ရှေ​အား​မိန့်​တော်​မူ၏။

တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ သင်​တို့​ဘိုး​ဘေး​များ၏​ဘု​ရား​သ​ခင်၊ အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား​သည်၊ ငါ့​ကို သင်​တို့​ရှိ​ရာ​သို့​စေ​လွှတ်​တော်​မူ​ပြီ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြော​ရ​မည်။ ထို​အ​မည်​သည် အ​စဉ်​ငါ့​အ​မည်​ဖြစ်၏။ လူ​မျိုး​အ​စဉ်​အ​ဆက်​မ​ပြတ် ငါ့​ဘွဲ့​နာ​မ​ဖြစ်၏။

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​မှာ​လိုက်​သ​မျှ​တို့​ကို၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​အား​ပြန်​ပြော​ရ​မည်​ဟု မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ထို​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြော​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​သည်​လည်း သင်​တို့​ကို အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​လွှတ်၍၊ သူ​တို့၏ ညှဉ်း​ဆဲ​ခြင်း​ထဲ​က နုတ်​ယူ​မည်။ လက်​ဆန့်​ခြင်း၊ ကြီး​စွာ​သော​ဒဏ်​ခတ်​ခြင်း​အား​ဖြင့် သင်​တို့​ကို​ငါ​ရွေး​မည်။

ငါ​သည်​လည်း၊ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ပေး​မည်​ဟု ကျိန်​ဆို​သော​ပြည်​သို့​ငါ​ပို့​ဆောင်၍၊ အ​မွေ​ခံ​စ​ရာ​ဖို့​ပေး​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏​ဟု​မိန့်​တော်​မူ​၏။

ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ထို​နာ​မ​သည် ငါ့​နာ​မ​ဖြစ်၏။ ငါ့​ဘုန်း​ကို အ​ခြား​သော​သူ​အား​လည်း​ကောင်း၊ ငါ့​အ​သ​ရေ​ကို ရုပ်​တု​ဆင်း​တု​တို့​အား​လည်း​ကောင်း ငါ​မ​ပေး။

ငါ​တစ်​ပါး​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၍၊ ငါ​မှ​တစ်​ပါး ကယ်​တင်​သော​သ​ခင်​မ​ရှိ။

ငါ​သည် သင်​တို့၏ သန့်​ရှင်း​သော​ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ဖန်​ဆင်း​သော​ဘု​ရား၊ သင်​တို့၏​ရှင်​ဘု​ရင်​ဖြစ်၏။

ဣ​သ​ရေ​လ​အ​မျိုး၏ ရှင်​ဘု​ရင် ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ရွေး​နုတ်​သော၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော​သူ ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော ဘု​ရား​သ​ခင်​မ​ရှိ။

ဝါ​ကြွား​သော​သူ မည်​သည်​ကား၊ ငါ​သည် မြေ​ကြီး​ပေါ်​မှာ ချစ်​သ​နား​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ ဖြောင့်​မတ်​ခြင်း​ကို ပြု​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​တည်း​ဟူ​သော၊ ငါ့​သ​ဘော​ကို သိ​နား​လည်​ခြင်း၌​သာ ဝါ​ကြွား​စေ။ ငါ​သည် ထို​အ​ရာ​တို့၌ မွေ့​လျော်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​ဆင့်​ဆို​ရ​မည်​မှာ၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ​ရွေး​ကောက်၍၊ အဲ​ဂု​တ္တု​ပြည်၌ သူ​တို့​အား ထင်​ရှား​လျက်၊ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု၊ ယာ​ကုပ်​အ​မျိုး​သား​တို့​အား ကျိန်​ဆို​သည်​ကာ​လ၊

ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ပြောင်း​လဲ​ခြင်း​မ​ရှိ။ ထို​ကြောင့်၊ ယာ​ကုပ်​အ​မျိုး​သား​တို့၊ သင်​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့ မ​ရောက်​ကြ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ