Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 6:16

Judson Bible

လေ​ဝိ​သား​အ​ဆွေ​အ​မျိုး​အ​လိုက်​ဟူ​မူ​ကား၊ ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​တည်း။ လေ​ဝိ​အ​သက်​သည် အ​နှစ်​တစ်​ရာ​သုံး​ဆယ်​ခု​နစ်​နှစ်​ရှိ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ဣ​ဇာက်​အ​သက်​သည် အ​နှစ်​တစ်​ရာ​ရှစ်​ဆယ်​ပြည့်​စုံ​သည်​ရှိ​သော်၊

လေ​ဝိ​သား။ ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ။

ရု​ဗင်​သား။ ဟာ​နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ၊ ကာ​မိ။

ယာ​ကုပ်​သည် အဲ​ဂု​တ္တု​ပြည်၌​ဆယ်​ခု​နစ်​နှစ်​အ​သက်​ရှင်၍ အ​သက်​နှစ်​ပေါင်း တစ်​ရာ​လေး​ဆယ်​ခု​နစ်​နှစ်​ရှိ​သ​တည်း။

ထို​သို့​ယော​သပ်​သည် အ​သက်​တစ်​ရာ​တစ်​ဆယ်​ရှိ​သော် အ​နိ​စ္စ​ရောက်​လေ၏။ အ​လောင်း​ကို​ကား၊ နံ့​သာ​မျိုး​နှင့်​ပြင်​ဆင်​ပြီး​လျှင် အဲ​ဂု​တ္တု​ပြည်၌ တ​လား​နှင့်​ထား​ကြ​လေ၏။ ရှင်မော​ရှေ​စီ​ရင်​ရေး​ထား​သော ကမ္ဘာဦးကျမ်း​ပြီး၏။

လေ​ဝိ​သား ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​အ​မျိုး​အ​သီး​အ​သီး​တို့​ကို ဒါ​ဝိဒ်​ခွဲ​ထား၍ တစ်​မျိုး​တ​ခြား​စီ သင်း​ဖွဲ့​စေ၏။

လေ​ဝိ​သား​ကား ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​တည်း။

လေ​ဝိ​သား ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​တို့​တွင်၊

လေ​ဝိ​အ​မျိုး၊ ကော​ဟတ်​အ​နွယ်၊ အာ​မ​သဲ​သား မာ​ဟတ်၊ အာ​ဇ​ရိ​သား ယော​လ၊ မေ​ရာ​ရိ​အ​နွယ်၊ အာ​ဗ​ဒိ​သား​ကိ​ရှ၊ ယေ​ဟ​လေ​လ​သား အာ​ဇ​ရိ၊ ဂေ​ရ​ရှုံ​အ​နွယ် ဇိ​မ္မ​သား​ယော​အာ၊ ယော​အာ​သား ဧ​ဒင်၊

ထို​ကာ​လ၌ လေ​ဝိ​အ​မျိုး​သား​တစ်​ယောက်​သည်၊ လေ​ဝိ​အ​မျိုး​သ​မီး​နှင့် အိမ်​ထောင်​ဘက်​ပြု​၍၊

ကော​ဟတ်​သား​ကား၊ အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ ဩ​ဇေ​လ​တည်း။ ကော​ဟတ်​အ​သက်​သည် အ​နှစ်​တစ်​ရာ​သုံး​ဆယ်​သုံး​နှစ်​ရှိ​သ​တည်း။

အာ​မ​ရံ​သည် မိ​မိ​အ​ရီး​ယော​ခေ​ဗက်​နှင့်​စုံ​ဖက်၍၊ သူ​သည် အာ​ရုန်​နှင့်​မော​ရှေ​ကို​လည်း​ကောင်း၊ သူ​တို့​အစ်​မ​မိ​ရိ​အံ​ကို​လည်း​ကောင်း ဖွား​လေ၏။ အာ​မ​ရံ​အ​သက်​သည် အ​နှစ်​တစ်​ရာ​သုံး​ဆယ်​ခု​နစ်​နှစ်​ရှိ​သ​တည်း။

လေ​ဝိ​အ​မျိုး၊ ကော​ဟတ်​သား ဣ​ဇ​ဟာ၏​သား​ကော​ရ​သည်၊ ရု​ဗင်​အ​မျိုး​ဧ​လျာ​ဘ၏​သား ဒါ​သန်​နှင့်​အ​ဘိ​ရံ၊ ပေ​လက်၏​သား ဩ​န​တို့​ကို​ခေါ်​ပြီး​လျှင်၊

ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် စာ​ရင်း​ဝင်​သော လေ​ဝိ၏​သား​ဟူ​မူ​ကား၊ ဂေ​ရ​ရှုန်​မှ​ဆင်း​သက်​သော ဂေ​ရ​ရှော​နိ​အ​ဆွေ​အ​မျိုး၊ ကော​ဟတ်​မှ​ဆင်း​သက်​သော ကော​ဟ​သိ​အ​ဆွေ​အ​မျိုး၊ မေ​ရာ​ရိ​မှ​ဆင်း​သက်​သော မေ​ရော​ရိတ်​အ​ဆွေ​အ​မျိုး​တည်း။

လေ​ဝိ​သား​တို့၏​နာ​မည်​ဟူ​မူ​ကား၊ ဂေ​ရ​ရှုန်၊ ကော​ဟတ်၊ မေ​ရာ​ရိ​တည်း။

မိ​မိ​အ​ဆွေ​အ​မျိုး​အ​လိုက် ဂေ​ရ​ရှုန်​သား​တို့၏​နာ​မည်​ကား လိ​ဗ​နိ​နှင့်​ရှိ​မိ​တည်း။

မိ​မိ​အ​ဆွေ​အ​မျိုး​အ​လိုက် ကော​ဟတ်​သား​တို့၏​နာ​မည်​ကား၊ အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ ဩ​ဇေ​လ​တည်း။

မိ​မိ​အ​ဆွေ​အ​မျိုး​အ​လိုက် မေ​ရာ​ရိ​သား​တို့၏​နာ​မည်​ကား မ​ဟာ​လိ​နှင့်​မု​ရှိ​တည်း၊၊ ဤ​သူ​တို့​သည် မိ​မိ​ဘိုး​ဘ​အ​မျိုး​အ​လိုက်​ရေ​တွက်​သော လေ​ဝိ​အ​မျိုး​အ​နွယ် ဖြစ်​ကြ၏။

ဂေ​ရ​ရှုန်​မှ​ဆင်း​သက်​လာ​သော လိ​ဗ​နိ​အ​ဆွေ​အ​မျိုး၊ ရှိ​မိ​အ​ဆွေ​အ​မျိုး​တို့​သည် ဂေ​ရ​ရှုန်​အ​မျိုး​အ​နွယ်​ဖြစ်​ကြ၏၊

စာ​ရေး​တံ​ပြု၍ ကော​ဟတ်​အ​ဆွေ​အ​မျိုး​တို့​သည် အ​မွေ​ခံ​ရာ​တွင်၊ လေ​ဝိ​သား ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏ သား​မြေး​တို့​သည် စာ​ရေး​တံ​ပြု​သော​အား​ဖြင့်၊ ယု​ဒ​ခ​ရိုင်၊ ရှိ​မောင်​ခ​ရိုင်၊ ဗင်္ယာ​မိန်​ခ​ရိုင်​ထဲ​က ဆယ်​သုံး​မြို့​ကို ရ​ကြ၏။

ဂေ​ရ​ရှုံ​သား​တို့​သည် စာ​ရေး​တံ​ပြု​သော​အား​ဖြင့်၊ ဣ​သ​ခါ​ခ​ရိုင်၊ အာ​ရှာ​ခ​ရိုင်၊ နဿ​လိ​ခ​ရိုင်၊ ဗာ​ရှန်​ပြည်၌ မ​နာ​ရှေ​ခ​ရိုင်​ဝက်​ထဲ​က၊ ဆယ်​သုံး​မြို့​ကို​ရ​ကြ၏။

ရှိ​မောင်​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ လေ​ဝိ အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ ဣ​သ​ခါ​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ