ထွက်မြောက် 5:3Judson Bibleသူတို့ကလည်း၊ ဟေဗြဲလူတို့၏ဘုရားသခင်သည် ကျွန်တော်တို့နှင့် တွေ့တော်မူပြီ။ တောသို့သုံးရက်ခရီးသွား၍၊ ကျွန်တော်တို့ ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ရသောအခွင့်ကိုပေးတော်မူပါ။ သို့မဟုတ် ကာလနာဘေး၊ ဓားဘေးတစ်စုံတစ်ခုဖြင့် ကျွန်တော်တို့ကို ဒဏ်ခတ်တော်မူလိမ့်မည်ဟု လျှောက်ဆို၏။ အခန်းကိုကြည့်ပါ။ |
သင်တို့အဘများကဲ့သို့ ခိုင်မာသောသဘော မရှိကြနှင့်။ ထာဝရဘုရား၌ ကိုယ်ကိုအပ်နှံကြလော့။ အစဉ်သန့်ရှင်းစေတော်မူသော သန့်ရှင်းရာဌာနတော်သို့ လာကြလော့။ ပြင်းစွာသော အမျက်တော်သည် သင်တို့မှ လွှဲသွားမည်အကြောင်း၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏အမှုတော်ကို စောင့်ကြလော့။
သူတို့သည် သင်၏စကားကိုနားထောင်၍၊ သင်သည် ဣသရေလအမျိုးသား အသက်ကြီးသူများပါလျက်၊ အဲဂုတ္တုရှင်ဘုရင်ထံသို့ဝင်သဖြင့်၊ ဟေဗြဲလူတို့၏ ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တွေ့တော်မူပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှာ တောသို့ သုံးရက်ခရီးသွားရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ရမည်။