Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 5:19

Judson Bible

ထို​သို့​နေ့​တိုင်း​လုပ်​ရ​သော အုတ်​အ​ရေ​အ​တွက်၌ အ​လျှင်း​မ​လျော့​ရ​ဟု အ​မိန့်​တော်​ရှိ​သည်​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ကြပ်​အ​ဆော်​တို့​သည် မိ​မိ​တို့၌ အ​မှု​ကြီး​ရောက်​ကြောင်း​ကို သိ​မြင်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

သို့​သော​ကြောင့် ယ​ခု​သွား၍​လုပ်​ကြ။ ကောက်​ရိုး​ကို​မ​ပေး​ရ။ သို့​သော်​လည်း အုတ်​ကို​ပေး​မြဲ​ပေး​ရ​မည်​ဟု မိန့်​တော်​မူ၏။

ဖာ​ရော​မင်း​ထံ​မှ​ထွက်​သွား​ကြ​စဉ်၊ လမ်း၌​စောင့်​လျက်​နေ​သော မော​ရှေ​နှင့် အာ​ရုန်​ကို​တွေ့​လျှင်၊

အုတ်​ကို​ကား၊ အ​ရေ​အ​တွက်​အား​ဖြင့် အ​ရင်​ကဲ့​သို့​လုပ်​စေ​ရ​မည်၊ အ​လျှင်း​မ​လျော့​စေ​နှင့်။ သူ​တို့​သည်​ပျင်း​ရိ​ကြ၏။ ထို​ကြောင့်​သွား၍ ငါ​တို့ ဘု​ရား​သ​ခင်​အား ယဇ်​ပူ​ဇော်​ကြ​စို့​ဟု ကြွေး​ကြော်​တတ်​ကြ၏။

တစ်​ဖန်​တုံ၊ နေ​အောက်​မှာ​ပြု​သ​မျှ​သော ညှဉ်း​ဆဲ​ခြင်း​တို့​ကို ငါ​ထပ်၍​ဆင်​ခြင်၏။ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော သူ​တို့​သည် ငို​ကြွေး​သော်​လည်း၊ ချမ်း​သာ​ပေး​နိုင်​သော​သူ​မ​ရှိ။ ညှဉ်း​ဆဲ​တတ်​သော​သူ​တို့​သည် တန်​ခိုး​ရှိ​သ​ဖြင့် ချမ်း​သာ​ပေး​နိုင်​သော​သူ မ​ရှိ။

ကျေး​ရွာ၌ ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​ခြင်း၊ တ​ရား​လမ်း​မှ​လွှဲ၍၊ မ​တ​ရား​သ​ဖြင့် အ​နိုင်​အ​ထက်​စီ​ရင်​ဆုံး​ဖြတ်​ခြင်း အ​မှု​ကို​မြင်​လျှင်၊ ထို​သို့​သော​အ​ကြံ​ရှိ​သည်​ကို အံ့​ဩ​ခြင်း​မ​ရှိ​နှင့်။ ကြီး​မြင့်​သော​သူ တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​မှတ်​သ​ကဲ့​သို့၊ အ​ကြီး​ဆုံး၊ အ​မြင့်​ဆုံး​သော​သူ​သည် ကြည့်​မှတ်​လျက် ရှိ​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​အ​ဖို့ တ​ရား​စီ​ရင်​တော်​မူ​မည်။ ကိုယ်​တော်၏ ကျွန်​တို့​သည် တန်​ခိုး​ကုန်​ကြောင်း၊ အ​ချုပ်​ခံ​ရ​သော​သူ၊ လွတ်​သော​သူ​တစ်​ယောက်​မျှ မ​ရှိ​ကြောင်း​ကို မြင်​သော​အ​ခါ၊ သူ​တို့​အ​မှု​ကြောင့် နောင်​တ​ရ​တော်​မူ​လျက်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ