ထိုအခါ၊ ဣသရေလအမျိုးအကြပ်အဆော်တို့သည်၊ ဖာရောမင်းထံသို့သွား၍၊ ကိုယ်တော်သည် ကိုယ်တော်ကျွန်တို့ကို အဘယ်ကြောင့်ဤသို့စီရင်တော်မူသနည်း။
အချုပ်ခံရသောသူတို့သည်လည်း အတူငြိမ်ဝပ်ရကြ၏။ ညှဉ်းဆဲသောသူ၏ စကားသံကို မကြားရကြ။
ထိုကြောင့်အဲဂုတ္တုမင်းတို့သည်၊ ကျပ်တည်းစွာနှိပ်စက်ညှဉ်းဆဲစေခြင်းငှာ အအုပ်အချုပ်ခန့်ထားကြ၏။ ဣသရေလလူတို့သည်၊ ဘဏ္ဍာတော်သိုထားဖို့၊ ပိသုံမြို့နှင့် ရာမသက်မြို့ကိုတည်ဆောက်ရကြ၏။
ဖာရောမင်း၏အအုပ်အချုပ်တို့သည် ခန့်ထားသော ဣသရေလအမျိုးအကြပ်အဆော်တို့ကို သင်တို့သည် အရင်ကလုပ်သည်အတိုင်း၊ ယနေ့နှင့် မနေ့၌ အုတ်လုပ်ရသောအမှုကို အဘယ်ကြောင့် မပြီးစီးစေကြသနည်းဟု စစ်၍ရိုက်ကြ၏။
ကိုယ်တော်ကျွန်တို့အား၊ ကောက်ရိုးကိုမပေး၊ အုပ်ချုပ်သောသူတို့ကလည်း၊ အုတ်ကိုလုပ်ကြဟုဆိုသဖြင့်၊ ကျွန်တော်တို့သည် အရိုက်ခံရကြပါ၏။ ကိုယ်တော် လူတို့၌သာအပြစ်ရှိပါသည်ဟု အော်ဟစ်ကြ၏။