Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 5:12

Judson Bible

သို့​ဖြစ်၍ လူ​တို့​သည် ကောက်​ရိုး​အ​တွက် အ​မှိုက်​ကို​ရှာ​ယူ​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​တွင် အ​ရပ်​ရပ်​ကွဲ​ပြား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော် တစ်​ဖက်၌​ထ​သော​သူ​တို့​ကို၊ ဘုန်း​တန်​ခိုး​အာ​နု​ဘော်​တော်​တို့​နှင့် လှဲ​တော်​မူ၏။ အ​မျက်​တော်​ကို​လွှတ်၍၊ သူ​တို့​ကို​အ​မှိုက်​ကဲ့​သို့ မီး​လောင်​စေ​တော်​မူ​၏။

ကောက်​ရိုး​ကို တွေ့​နိုင်​ရာ​အ​ရပ်၌​ရှာ​ကြ။ သို့​သော်​လည်း လုပ်​ရ​သော အ​လုပ်​အ​လျှင်း​မ​လျော့​ရ​ဟု အ​မိန့်​တော်​ရှိ​သည်​ဟု လူ​တို့​အား ပြန်​ကြား​ကြ၏။

အုပ်​ချုပ်​သော​သူ​တို့​က​လည်း၊ ကောက်​ရိုး​ကို​ရ​သည်​ကာ​လ၌ နေ့​တိုင်း​လုပ်​ရ​သည်​အ​တိုင်း၊ ပြီး​အောင်​လုပ်​ကြ​ဟု သူ​တို့​ကို​နှိုး​ဆော်​ကြ၏။

သူ​တို့​သည် အ​မှိုက်​ကဲ့​သို့​ဖြစ်၍ မီး​ရှို့​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ မီး​အ​ရှိန်​မှ မိ​မိ​တို့​ကို မ​ကယ်​မ​နုတ်​ရ​ကြ။ နွေး​စ​ရာ​ဖို့ မီး​တစ်​ခဲ​မျှ၊ လှုံ​စ​ရာ​ဖို့ မီး​အ​လျှင်း​မျှ မ​ကျန်​ရစ်​ရ။

ထို​ကြောင့်၊ မီး​လျှာ​သည် ကောက်​ရိုး​ကို​လျက်၊ မီး​လျှံ​သည် မြက်​ခြောက်​ကို ကျွမ်း​စေ​သည်​နည်း​တူ၊ သူ​တို့၏​အ​မြစ်​သည် ဆွေး​မြေ့​သော သစ်​သား​ကဲ့​သို့ ဖြစ်၍၊ အ​ပွင့်​သည်​လည်း မြေ​မှုန့်​ကဲ့​သို့ လွင့်​တက်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​ကို ကယ်​ကြ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ​ပြီ။

ရ​ထား​မြည်​သံ ကဲ့​သို့​လည်း​ကောင်း၊ အ​မှိုက်​ကို လောင်​သော မီး​မြည်​သံ​ကဲ့​သို့​လည်း​ကောင်း​အ​သံ​မြည်၍ တောင်​ထိပ်​တို့​အ​ပေါ်​မှာ ခုန်​ကြ​လိမ့်​မည်။ စစ်​တိုက်​ခြင်း​ငှာ ခင်း​ကျင်း၍ အား​ကြီး​သော​လူ အ​လုံး​အ​ရင်း​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။

ယာ​ကုပ်​အ​မျိုး​သည် မီး၊ ယော​သပ်​အ​မျိုး​သည် မီး​လျှံ၊ ဧ​သော​အ​မျိုး​သည် အ​မှိုက်​ဖြစ်​လျက် မီး​ညှိ၍ လောင်​သ​ဖြင့်၊ ဧ​သော​အ​မျိုး​သား မ​ကျန်​ကြွင်း​ရ။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။

သူ​တို့​သည် ဆူး​ပင်​ကဲ့​သို့ အ​ချင်း​ချင်း ညှိ​တွယ်​လျက်၊ စ​ပျစ်​ရည်​နှင့် ယစ်​မူး​သ​ကဲ့​သို့​ဖြစ်​လျက်၊ သွေ့​ခြောက်​သော အ​မှိုက်​ကဲ့​သို့ မီး​လောင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

ထို​တိုက်​မြစ်​အ​ပေါ်၌ ရွှေ၊ ငွေ၊ ကျောက်​ကောင်း၊ သစ်​သား၊ မြက်​ပင်၊ ကောက်​ရိုး​များ​ကို ထပ်​ဆင့်၍ တည်​ဆောက်​သော​သူ​ရှိ​သ​မျှ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ