Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 5:1

Judson Bible

ထို​နောက်​မှ၊ မော​ရှေ​နှင့် အာ​ရုန်​သည် ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘုရား​က၊ ငါ၏​လူ​တို့​သည် တော၌​ငါ့​အ​ဖို့ ပွဲ​ခံ​စေ​ခြင်း​ငှာ​လွှတ်​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို လျှောက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

အာ​ဟပ်​က​လည်း၊ အ​ချင်း​ရန်​သူ၊ ငါ​နှင့်​တွေ့​ပြီ​လော​ဟု ဧ​လိ​ယ​အား​ဆို​လျှင်၊ ဧ​လိ​ယ​က​သင်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​လို၍ ကိုယ်​ကို​ရောင်း​သော​ကြောင့် သင်​နှင့်​ငါ​တွေ့​ပြီ။

သက်​သေ​ခံ​တော်​မူ​ချက်​တို့​ကို မင်း​များ​ထံ​မှာ ပြန်​ပြော၍၊ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​ပါ​လိမ့်​မည်။

မော​ရှေ​နှင့် အာ​ရုန်​တို့​သည်၊ ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်​ပြီး​လျှင်၊ ဟေ​ဗြဲ​လူ​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ငါ့​ရှေ့​မှာ ကိုယ်​ကို​ကိုယ်​မ​နှိမ့်​ချ​ဘဲ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး​နေ​လိမ့်​မည်​နည်း။ ငါ၏​လူ​တို့​သည် ငါ့​အား​ဝတ်​ပြု​မည်​အ​ကြောင်း၊ သွား​ရ​သော​အ​ခွင့်​ကို​ပေး​လော့။

သို့​မ​ဟုတ် ငါ၏​လူ​တို့​ကို​မ​လွှတ်​ဘဲ​နေ​လျှင်၊ ကြည့်​ရှု​လော့။ ကျိုင်း​ကောင်​တို့​ကို သင်၏​ပြည်​သို့ နက်​ဖြန်​ငါ​ဆောင်​ခဲ့​မည်။

မော​ရှေ​က၊ အ​ကျွန်ုပ်​တို့​သည် သူ​ငယ်၊ သူ​အို၊ သား​သ​မီး၊ သိုး၊ နွား​ပါ​လျက် သွား​ပါ​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ပွဲ​ခံ​ရ​ပါ​မည်​ဟု ပြန်​ဆို​လေ​သော်၊

သူ​တို့​သည် သင်၏​စ​ကား​ကို​နား​ထောင်၍၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား အ​သက်​ကြီး​သူ​များ​ပါ​လျက်၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ထံ​သို့​ဝင်​သ​ဖြင့်၊ ဟေ​ဗြဲ​လူ​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​နှင့်​တွေ့​တော်​မူ​ပြီ။ အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ခြင်း​ငှာ တော​သို့ သုံး​ရက်​ခ​ရီး​သွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​ရ​မည်။

သို့​ဖြစ်၍ အ​ကျွန်ုပ်​သည်​ရှေ့​တော်၌ မျက်​နှာ​ရ​လျှင်၊ မျက်​နှာ​ရ​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ​မည်​အ​ကြောင်း၊ ကိုယ်​တော်၏​လမ်း​ကို ပြ​တော်​မူ​ပါ။ ဤ​လူ​မျိုး​သည် ကိုယ်​တော်၏​လူ​ဖြစ်​ကြောင်း​ကို ဆင်​ခြင်​တော်​မူ​ပါ၊ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ဆို၏။

ငါ့​သား​သည် ငါ့​အား​ဝတ်​ပြု​သော​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ လွှတ်​လော့။ မ​လွှတ်​ဘူး​ဟု ငြင်း​လျှင်၊ သင်၏​သား၊ သင်၏​သား​ဦး​ကို​ပင်​ငါ​ကွပ်​မျက်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု မော​ရှေ​အား​မှာ​ထား​တော်​မူ၏။

သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မိ​မိ​ပြည်​မှ​လွှတ်​ရ​မည်​အ​ကြောင်း ပြော​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​ခြင်း​ငှာ၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ဖာ​ရော​မင်း​ထံ၌ လျှောက်​ရ​သော​သူ​တို့​သည်၊ ထို​အာ​ရုန်​နှင့် မော​ရှေ​ဖြစ်​သ​တည်း။

ဟေ​ဗြဲ​အ​မျိုး​သား​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က၊ ငါ့​လူ​တို့​သည်​တော၌ ငါ့​အား​ဝတ်​ပြု​မည်​အ​ကြောင်း၊ သူ​တို့​ကို​လွှတ်​လော့​ဟု အ​မိန့်​တော်​ပါ​သော ကျွန်ုပ်​ကို ကိုယ်​တော်​ထံ​သို့ စေ​လွှတ်​တော်​မူ​ပြီ။ ကိုယ်​တော်​သည် ယ​ခု​တိုင်​အောင် နား​မ​ထောင်​ဘဲ​နေ​ပါ​သည်​တ​ကား။

ငါ​မိန့်​တော်​မူ​သ​မျှ​တို့​ကို သင်​သည်​ပြန်​ပြော​ရ​မည်။ ဖာ​ရော​ဘု​ရင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မိ​မိ​ပြည်​မှ​လွှတ်​လိုက်​ရ​မည်​အ​ကြောင်း​ကို၊ သင်၏​အစ်​ကို အာ​ရုန်​သည် သူ့​ထံ၌​လျှောက်​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်၍ ငါ၏​လူ​တို့​သည် ငါ့​အား​ဝတ်​ပြု​မည်​အ​ကြောင်း၊ သူ​တို့​ကို​လွှတ်​လော့။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ ရှိ​သော မြေ​မှုန့်​သည်​ခြင်​ကောင်​ဖြစ်​စေ​ခြင်း​ငှာ၊ အာ​ရုန်​သည် လှံ​တံ​ကို​ကိုင်​လျက်​လက်​ကို​ဆန့်၍၊ မြေ​မှုန့်​ကို​ရိုက်​စေ​ခြင်း​ငှာ ပြော​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

အာ​ရုန်​သည် လှံ​တံ​ကို​ကိုင်​လျက်​လက်​ကို​ဆန့်၍ မြေ​မှုန့်​ကို​ရိုက်​လေ၏။ မြေ​မှုန့်​သည်​လည်း လူ၌​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်၌​လည်း​ကောင်း ခြင်​ကောင်​ဖြစ်​လေ၏။ အဲ​ဂု​တ္တု​ပြည် တစ်​လျှောက်​လုံး၌​မြေ​မှုန့်​ရှိ​သ​မျှ​သည် ခြင်​ကောင်​ဖြစ်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် နံ​နက်​စော​စော​ထ​လော့။ ရေ​ဆိပ်​သို့​ထွက်​သွား​သော ဖာ​ရော​ဘု​ရင်​ရှေ့​မှာ​ရပ်၍ ထာ​ဝ​ရ​ဘု​ရား​က၊ ငါ၏​လူ​တို့​သည် ငါ့​အား​ဝတ်​ပြု​မည်​အ​ကြောင်း၊ သူ​တို့​ကို​လွှတ်​လော့။

သို့​ဖြစ်၍ တော၌​သုံး​ရက်​ခ​ရီး​သွား၍ အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ယဇ်​ပူ​ဇော်​ကြ​ပါ​မည်​ဟု လျှောက်​ဆို၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်၍ ငါ၏​လူ​တို့​သည် ငါ့​အား​ဝတ်​ပြု​မည်​အ​ကြောင်း၊ သူ​တို့​ကို​လွှတ်​လော့။

မ​လွှတ်​ဘူး​ဟု​ငြင်း၍ ဆီး​တား​သေး​လျှင်၊

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ခဲ​ဖွယ်​စား​ဖွယ်​ပွဲ၊ ဟောင်း​သော စ​ပျစ်​ရည်​ပွဲ​တည်း​ဟူ​သော၊ ဆူ​သော​ခဲ​ဖွယ်​စား​ဖွယ်၊ ကောင်း​မွန်​စွာ​စစ်​သော စ​ပျစ်​ရည်​ဟောင်း​ကို လူ​ခပ်​သိမ်း​တို့​အ​ဖို့ ဤ​တောင်​ပေါ်​မှာ စီ​ရင်​တော်​မူ​လိမ့်​မည်။

အ​ချင်း​လူ​သား၊ သင်​သည် ဆူး​ပင်​အ​မျိုး​မျိုး​နှင့် တွေ့၍၊ ကင်း​မြီး​ကောက်​တို့​တွင် နေ​ရ​သော်​လည်း သူ​တို့​ကို မ​ကြောက်​နှင့်။ သူ​တို့​စ​ကား​ကို​လည်း မ​ကြောက်​နှင့်။ သူ​တို့​သည် ပုန်​ကန်​တတ်​သော အ​မျိုး​ဖြစ်၍၊ သူ​တို့​စ​ကား​ကို မ​ကြောက်​နှင့်။ သူ​တို့ မျက်​နှာ​ရည်​ကြောင့် စိတ်​မ​ပျက်​နှင့်။

ထို​သူ​တို့​မှ​စ၍ တစ်​ပါး​အ​မျိုး​သား​တို့​အား သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ၊ မြို့​ဝန်​မင်း၊ ရှင်​ဘု​ရင်​ထံ​သို့ ငါ့​ကြောင့် သင်​တို့​ကို ပို့​ဆောင်​ကြ​လိမ့်​မည်။-

တစ်​နည်း​ကား၊ ကိုယ်​ခ​န္ဓာ​ကို​သာ သတ်၍ စိတ်​ဝိ​ညာဉ်​ကို မ​သတ်​နိုင်​သော သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကိုယ်​ခ​န္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​ကို င​ရဲ၌ ဖျက်​ဆီး​နိုင်​သော​သူ​ကို သာ၍ ကြောက်​ကြ​လော့။-

အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​အ​ခါ ထို​သူ​တို့၏ ခြိမ်း​ခြောက်​ခြင်း​ကို မှတ်​တော်​မူ​ပါ။-

ထို​ကြောင့်၊ ဟောင်း​သော​တ​ဆေး၊ ဆိုး​ညစ် မိုက်​မဲ​ခြင်း​တ​ဆေး​တို့​ကို ပယ်​ပစ်၍၊ တ​ဆေး​မဲ့​မုန့်​တည်း​ဟူ​သော ကြည်​ဖြူ​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း​နှင့် ပွဲ​ခံ​ကြ​ကုန်​အံ့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ