Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 40:9

Judson Bible

လိမ်း​ရန် ဆီ​ကို​ယူ၍၊ တဲ​တော်​နှင့် တဲ​တော်၌ ရှိ​သ​မျှ​တို့​ကို​လိမ်း​သ​ဖြင့် တဲ​တော်​နှင့် တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို သန့်​ရှင်း​စေ​ရ​မည်။ ထို​သို့​တဲ​တော်​သည် သန့်​ရှင်း​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​ကို နှစ်​သက်၍ မ​တ​ရား​သော​အ​မှု​ကို မုန်း​တော်​မူ၏။ ထို​ကြောင့် အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏​ဘု​ရား​သ​ခင်​သည် ကိုယ်​တော်၏ အ​ပေါင်း​အ​ဖော်​တို့​ထက်၊ ကိုယ်​တော်​ကို ချီး​မြှောက်၍၊ ဝမ်း​မြောက်​ခြင်း​ဆီ​နှင့် ဘိ​သိက်​ပေး​တော်​မူ​ပြီ။

ဆေး​သ​မား​အ​တတ်​နှင့် ဆေး​ပေါင်း​ကို​ဖော်​တတ်​သည်​အ​တိုင်း၊ သန့်​ရှင်း​သော လိမ်း​ရန်​နံ့​သာ​ဆီ​ကို​လည်း​ကောင်း၊ နံ့​သာ​မျိုး​နှင့်​ဖော်​သော မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​စင်​ကို​လည်း​ကောင်း လုပ်​လေ၏။

ကြေး​ဝါ​ယဇ်​ပ​လ္လင်၊ ကြေး​ဝါ​ဆန်​ခါ၊ ပ​လ္လင်​ထမ်း​ပိုး​အ​စ​ရှိ​သော တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ အင်​တုံ​နှင့် သူ၏​ခြေ​ထောက်​ကို​လည်း​ကောင်း၊

တဲ​တော်​ပတ်​လည်​ဝင်း​ကို​ထူ၍၊ ဝင်း​တံ​ခါး​ဝ​ကာ​သော ကု​လား​ကာ​ကို ဆွဲ​ကာ​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ဉာဏ်​ပ​ညာ​ကို ပေး​သော​ဝိ​ညာဉ်၊ ကြံ​စည်​တတ်​စွမ်း​နိုင်​သော​သ​တ္တိ​ကို ပေး​သော​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို​သိ၍ ကြောက်​ရွံ့​သော​သ​ဘော​ကို​ပေး​သော ဝိ​ညာဉ်​တော်​သည် ထို​သူ​အ​ပေါ်​မှာ ကျိန်း​ဝပ်​တော်​မူ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်​မှာ တည်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ဆင်း​ရဲ​သား​တို့​အား ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​စေ​ခြင်း​ငှာ၊ ငါ့​ကို​ဘိ​သိက်​ပေး​တော်​မူ​ပြီ။ နှ​လုံး​ကြေ​ကွဲ​သော​သူ​တို့၏ အ​နာ​ကို​စည်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖမ်း​သွား​ချုပ်​ထား​လျက် ရှိ​သော​သူ​တို့​အား လွှတ်​ခြင်း​အ​ကြောင်း​နှင့်၊ အ​ကျဉ်း​ခံ​လျက်​ရှိ​သော​သူ​တို့​အား ထောင်​တံ​ခါး​ဖွင့်​ခြင်း​အ​ကြောင်း​ကို ပြ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊

သင်​သည် ဖြန့်၍ လွှမ်း​မိုး​သော​ခေ​ရု​ဗိမ်​ဖြစ်​လျက်၊ ငါ့​အ​ခွင့်​နှင့် ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သော​တောင်​ပေါ်​မှာ နေ​ရာ​ကျ၍ မီး​တောက်​သော ကျောက်​တို့​တွင် သွား​လာ​ရ၏။

ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည်​လိမ်း​ရန်​ဆီ​ကို​ယူ၍၊ တဲ​တော်​နှင့် တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​ကို​လိမ်း​သ​ဖြင့် သန့်​ရှင်း​စေ၏။

မော​ရှေ​သည် တဲ​တော်​ကို​ထူ​ထောင်၍၊ တဲ​တော်​နှင့် တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ယဇ်​ပ​လ္လင်​နှင့် ယဇ်​ပ​လ္လင်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ဆီ​လူး၍ သန့်​ရှင်း​စေ​ခြင်း​အ​မှု​ကို လက်​စ​သတ်​သော​နေ့၌၊

ယေ​ရှု​သည် ဗ​တ္တိ​ဇံ​ကို​ခံ​တော်​မူ​ပြီး​လျှင် ရေ​မှ​ပေါ်​ထ​စဉ်​တွင်၊ ကောင်း​ကင်​ဖွင့်​လှစ်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​သည် ချိုး​ငှက်​ကဲ့​သို့ ဆင်း​သက်၍ ကိုယ်​တော်​အ​ပေါ်၌ နား​တော်​မူ​သည်​ကို မြင်​ရ၍၊

ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​သူ​သည် ဘု​ရား​သ​ခင်၏​စ​ကား​တော်​ကို ပြော​ဆို​တတ်၏။ ထို​သူ​အား ဘု​ရား​သ​ခင်​သည် ဝိ​ညာဉ်​တော်​ကို အ​တိုင်း​အ​ရှည်​မ​ရှိ​ဘဲ ပေး​တော်​မူ၏။-

ထို​ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​တံ​ဆိပ်​ခတ်၍ ငါ​တို့​စိတ်​နှ​လုံး​ထဲ၌ ဝိ​ညာဉ်​တော်​တည်း​ဟူ​သော စ​ရန်​ကို သွင်း​ပေး​တော်​မူ၏။

ငါ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​အား​ဖြင့် ကိုယ်​တိုင် သက်​သာ​ခြင်း​ရှိ​သ​ကဲ့​သို့၊ ဆင်း​ရဲ​ခြင်း အ​မျိုး​မျိုး​ကို ခံ​ရ​သော​သူ​တို့​အား သက်​သာ​စေ​နိုင်​မည်​အ​ကြောင်း၊ ဆင်း​ရဲ​ခြင်း​အ​မျိုး​မျိုး​တို့၌ ဘု​ရား​သ​ခင်​သည် ငါ​တို့​အား သက်​သာ​စေ​တော်​မူ၏။-

တဲ​တော်​နှင့် ဝတ်​ပြု​သော တန်​ဆာ​များ​ကို​လည်း ထို​နည်း​တူ အ​သွေး​နှင့်​ဖျန်း​ရ၏။-

သင်​တို့​သည် သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၏​လက်​မှ ဘိ​သိက်​ကျေး​ဇူး​တော်​ကို ခံ​ရ၍၊ ခပ်​သိမ်း​သော အ​ရာ​တို့​ကို သိ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ