ယဇ်ကောင်ရှို့ရာပလ္လင်ကိုလည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၌ တည်ထားရမည်။
ထာဝရဘုရားရှေ့တော်၌ရှိသော ကြေးဝါယဇ်ပလ္လင်ကို ဗိမာန်တော်ရှေ့၊ ယဇ်ပလ္လင်ကြီးနှင့် ဗိမာန်တော်စပ်ကြားအရပ်မှရွှေ့၍ ယဇ်ပလ္လင်ကြီး မြောက်ဘက်၌ ထား၏။
ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးရှို့ရာယဇ်ပလ္လင်ကိုလည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာထား၍၊ ထိုပလ္လင်ပေါ်၌ မီးရှို့ရာယဇ်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သကာကိုလည်းကောင်း ပူဇော်လေ၏။
နံ့သာပေါင်းရှို့ရာ ရွှေပလ္လင်ကို သက်သေခံချက် သေတ္တာရှေ့၌တည်ထား၍၊ တဲတော်တံခါးဝကာသော ကုလားကာကိုဆွဲကာရမည်။
အင်တုံကိုလည်း ပရိသတ်စည်းဝေးရာတဲတော်နှင့် ယဇ်ပလ္လင်စပ်ကြားမှာ တည်ထား၍၊ အင်တုံ၌ရေကိုထည့်ရမည်။
ထာဝရဘုရားရှေ့တော်၌ ထိုနွားကိုသတ်ပြီးလျှင်၊ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် အသွေးကိုယူ၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးအနား ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖျန်းရမည်။
တဲတော်၌ ဝတ်ပြုသောသူတို့ စားရသော အခွင့်မရှိသောယဇ်ပလ္လင်သည် ငါတို့၌ရှိ၏။-
ထိုသခင်သည် ငါတို့၏အပြစ်မက၊ လောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်း ဖြစ်တော်မူ၏။-