သင်သည် ပထမလ၊ ပထမနေ့၌ ပရိသတ်စည်းဝေးရာ တဲတော်ကိုဆောက်ရမည်။
ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သော နေ့မှစ၍ ယနေ့တိုင်အောင် အိမ်နှင့်ငါမနေ။ တဲတစ်ခုမှ တစ်ခုသို့ပြောင်း၍ တဲများတို့နှင့်နေပြီ။
နန်းစံပထမနှစ်၊ ပထမလတွင် ဗိမာန်တော်တံခါးတို့ကို ဖွင့်၍ ပြုပြင်တော်မူ၏။
အဗိဗလ၊ ယနေ့၌ပင်သင်တို့သည် ထွက်လာကြပြီ။
ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်သွားသောနောက်၊ တတိယလ တစ်ရက်နေ့၌ သိနာတောသို့ရောက်ကြ၏။
တစ်နည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်ဖြင့်ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော၊ ပိတ်ချောကုလားကာဆယ်ထည်ဖြင့် တဲတော်ကိုလုပ်ရမည်။
တောင်ပေါ်မှာ သင့်အားပြသောပုံနှင့်အညီ၊ တဲတော်ကို တည်ဆောက်ရမည်။
တဲတော်ဖုံးအုပ်ဖို့ အခြားသောကုလားကာ ဆယ်တစ်ထည်ကို ဆိတ်မွေးနှင့်လုပ်ရမည်။
အာရုန်နှင့် သူ၏သားတို့သည်၊ ညဉ့်ဦးမှသည် နံနက်တိုင်အောင်၊ ထာဝရဘုရားရှေ့တော်၌ ထိုအမှုကိုစီရင်ရမည်။ ဣသရေလအမျိုးတို့သည်၊ သားအစဉ်အဆက်စောင့်ရသော ပညတ်တော်ဖြစ်သတည်း။
အချို့ကိုလည်း ညက်ညက်ထောင်းပြီးမှ၊ ငါသည် သင်နှင့်တွေ့ရာအရပ်၊ ပရိသတ်စည်းဝေးရာတဲတော်၌ သက်သေခံချက်ရှေ့မှာထားရမည်။ သင်တို့တွင် အလွန်သန့်ရှင်းရမည်။
တဲတော်နှင့် အပေါ်တဲ၊ အပေါ်တဲအဖုံး၊ ရွှေချောင်း၊ ပျဉ်ပြား၊ ကန့်လန့်ကျင်၊ တိုင်၊ ခြေစွပ်တို့ကိုလည်းကောင်း၊
ကြေးဝါချောင်းငါးဆယ်ကိုလည်းလုပ်၍ အပေါ်တဲ တစ်ပိုင်းနှင့်တစ်ပိုင်းကို ပူးတွဲသဖြင့်၊ တဲတစ်ဆောင်တည်း ဖြစ်လေ၏။
တစ်ဖန် ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊
ယဇ်ကောင်ရှို့ရာပလ္လင်ကိုလည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၌ တည်ထားရမည်။
ငါတို့သည် သိမ်းသွားခြင်းကိုခံရာ သက္ကရာဇ်နှစ်ဆယ်ငါးခု၊ ပထမလဆယ်ရက်နေ့၊ မြို့တော်ကို လုပ်ကြံ၍၊ တစ်ဆယ်လေးနှစ် စေ့သောနေ့တွင်၊ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်မှာရှိ၍ ထိုမြို့သို့ဆောင်သွားတော်မူ၏။
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပထမလ တစ်ရက်နေ့တွင်၊ အပြစ်မပါ၊ အသက်ပျိုသော နွားထီးတစ်ကောင်ကိုယူ၍ သန့်ရှင်းရာဌာနကို စင်ကြယ်စေရမည်။
ဣသရေလအမျိုးသားတို့သည်၊ အဲဂုတ္တုပြည်မှထွက်၍ ဒုတိယနှစ်၊ ဒုတိယလ၊ ပထမနေ့၌ သိနာတောတွင် ပရိသတ်စည်းဝေးရာတဲတော်မှာ ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊
မောရှေသည် တဲတော်ကိုထူထောင်၍၊ တဲတော်နှင့် တဲတော်တန်ဆာရှိသမျှတို့ကိုလည်းကောင်း၊ ယဇ်ပလ္လင်နှင့် ယဇ်ပလ္လင်တန်ဆာရှိသမျှတို့ကိုလည်းကောင်း၊ ဆီလူး၍ သန့်ရှင်းစေခြင်းအမှုကို လက်စသတ်သောနေ့၌၊
အဲဂုတ္တုပြည်မှထွက်၍ ဒုတိယနှစ်၊ ပထမလ၌ သိန်တောတွင် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊
တဲတော်ကိုထူထောင်သောနေ့၌၊ မိုးတိမ်သည် တဲတောင်ပေါ်မှာတည်၍၊ သက်သေခံချက်တဲတော်ကို ဖုံးအုပ်လေ၏။ ညဉ့်ဦးမှစ၍ နံနက်တိုင်အောင် တဲတော်ပေါ်မှာ မီးကဲ့သို့ထင်လေ၏။