ထိုအခါ၊ မောရှေသည် မယားနှင့်သားနှစ်ယောက်တို့ကိုယူ၍ မြည်းကိုစီးစေသဖြင့်၊ ဘုရားသခင်၏လှံတံတော်ကိုလက်စွဲလျက်၊ အဲဂုတ္တုပြည်သို့ ပြန်လေ၏။
သင်မူကား၊ လှံတံကိုချီပြီးလျှင်၊ ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍ ပင်လယ်ရေကိုခွဲလော့။ ဣသရေလအမျိုးသားတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ လျှောက်သွားရကြမည်။
မောရှေကလည်း၊ လူတို့ကိုရွေး၍ အာမလက်လူတို့ကို စစ်တိုက်ခြင်းငှာ ထွက်လော့။ နက်ဖြန်နေ့၌ ဘုရားသခင်၏လှံတံကိုကိုင်လျက်၊ တောင်ထိပ်ပေါ်မှာ ငါရပ်နေမည်ဟု ယောရှုအားဆို၏။
ကိုယ်တော်၏ယောက္ခမယေသရောနှင့် ကိုယ်တော်၏မယား၊ သားနှစ်ယောက်တို့သည် ကိုယ်တော်ထံသို့ရောက်လာပါပြီဟု မောရှေအားကြားပြောသော်၊
ထိုမိန်းမဖွားသောသားကို ဂေရရှုံအမည်ဖြင့်မှည့်၏။ အကြောင်းမူကား၊ ငါသည်တစ်ကျွန်းတစ်နိုင်ငံ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီဟုဆိုသတည်း။
သင်သည် နိမိတ်သက်သေတို့ကိုပြလတ္တံ့သော ဤလှံတံကိုလည်း၊ သင်၏လက်၌ကိုင်ရမည်ဟု မိန့်တော်မူ၏။
ထာဝရဘုရားကလည်း၊ သင်၏လက်၌အဘယ်အရာရှိသနည်းဟု မေးတော်မူလျှင်၊ လှံတံရှိပါ၏ဟုလျှောက်၏။
မိမိလက်ကိုဆန့်၍ ကျောက်ကိုလှံတံနှင့် နှစ်ကြိမ်ရိုက်သဖြင့်၊ ရေသည် များစွာထွက်၍၊ လူပရိသတ်တို့နှင့် တိရစ္ဆာန်တို့သည် သောက်ရကြ၏။
ထိုစကားကိုကြားလျှင်၊ မောရှေသည်ပြေး၍ မိဒျန်ပြည်၌ ဧည့်သည်ဖြစ်လျက်နေသည်တွင် သားနှစ်ယောက်ကို မြင်လေ၏။