Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 4:2

Judson Bible

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​လက်၌​အ​ဘယ်​အ​ရာ​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ လှံ​တံ​ရှိ​ပါ၏​ဟု​လျှောက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ယာ​ကုပ်​သည်၊ စိမ်း​သော​လိ​ဗ​နာ​ပင်၊ လု​ဇ​ပင်၊ အာ​ရ​မုန်​ပင်​တို့၏ အ​ခက်​တံ​ဖျာ​များ​ကို​ယူ၍၊ အ​ဖြူ၊ အ​စိမ်း၊ အ​တန့်​တန့်​ပေါ်​အောင် အ​ခွံ​ကို​လှီး​ခွာ​ပြီး​လျှင်၊

ဧ​လိ​ရှဲ​က​လည်း၊ သင့်​အ​ဖို့ အ​ဘယ်​သို့​ငါ​ပြု​ရ​မည်​နည်း။ သင့်​အိမ်၌ အ​ဘယ်​ဥ​စ္စာ​ရှိ​သ​နည်း​ဟု မေး​လျှင်၊ ကိုယ်​တော်​ကျွန်​မ​အိမ်၌ ဆီ​အိုး​တစ်​လုံး​မှ​တစ်​ပါး အ​ဘယ်​ဥ​စ္စာ​မျှ​မ​ရှိ​ပါ​ဟု​ပြော​ဆို​သော်၊

ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင်၏​အာ​ဏာ​တော်​လှံ​တံ​ကို ဇိ​အုန်​မြို့​မှ လွှတ်​တော်​မူ​မည်။ ကိုယ်​တော်​သည် ရန်​သူ​တို့၏​အ​လယ်၌ အုပ်​စိုး​တော်​မူ​လိမ့်​မည်။

သင်​သည် နိ​မိတ်​သက်​သေ​တို့​ကို​ပြ​လ​တ္တံ့​သော ဤ​လှံ​တံ​ကို​လည်း၊ သင်၏​လက်၌​ကိုင်​ရ​မည်​ဟု မိန့်​တော်​မူ၏။

ထို​အ​ခါ၊ မော​ရှေ​သည် မ​ယား​နှင့်​သား​နှစ်​ယောက်​တို့​ကို​ယူ၍ မြည်း​ကို​စီး​စေ​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏​လှံ​တံ​တော်​ကို​လက်​စွဲ​လျက်၊ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​လေ၏။

နံ​နက်​အ​ချိန်၌ ဖာ​ရော​ဘု​ရင်​ထံ​သို့​သွား​လော့။ သူ​သည် ရေ​ဆိပ်​သို့ သွား​လိမ့်​မည်။ သူ​မ​ရောက်​မီ သင်​သည် မြစ်​ကမ်း​နား​မှာ​ရပ်​နေ​လော့။ မြွေ​ဖြစ်​သော လှံ​တံ​ကို​လည်း လက်​တွင်​ကိုင်​လော့။

ဖာ​ရော​ဘု​ရင်​က၊ သင်​တို့​အ​တွက် ထူး​ဆန်း​သော​တန်​ခိုး​ကို​ပြ​လော့​ဟု​ဆို​လျှင်၊ သင်၏​လှံ​တံ​ကို​ယူ၍ ရှေ့​တော်၌​ချ​လော့​ဟု အာ​ရုန်​အား​ပြော​လော့။ လှံ​တံ​သည်​လည်း မြွေ​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ဆင်း​ရဲ​သား​တို့၏​အ​မှု​ကို တ​ရား​တော်​အ​တိုင်း စီ​ရင်၍၊ နှိမ့်​ချ​သော မြေ​ကြီး​သား​တို့​ဘက်၌ နေ​လျက်၊ ဖြောင့်​မတ်​စွာ ဆုံး​ဖြတ်​လိမ့်​မည်။ မြေ​ကြီး​ကို​နှုတ်​က​ပတ်​တော်​လှံ​တံ​နှင့် ဒဏ်​ခတ်၍၊ ဆိုး​သော​သူ​ကို နှုတ်​ခမ်း​ထွက်​သက်​နှင့် ကွပ်​မျက်​လိမ့်​မည်။

နွား​ဖြစ်​စေ၊ သိုး​ဆိတ်​ဖြစ်​စေ၊ ကြိမ်​လုံး​အောက်၌​သွား​သ​မျှ​သော​အ​ကောင် ဆယ်​စု​တစ်​စု​သည်၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​ရ​မည်။

ကိုယ်​တော်၏ လူ​တည်း​ဟူ​သော အ​ပေါင်း​အ​ဖော်​မ​ရှိ​ဘဲ၊ တော​တွင် က​ရ​မေ​လ​တောင်​ပေါ်​မှာ နေ​ရ​သော အ​မွေ​တော်​သိုး​စု​ကို သိုး​ထိန်း​နှင်​တံ​နှင့် ထိန်း​တော်​မူ​ပါ။ ရှေး​ကာ​လ၌ ရှိ​သ​ကဲ့​သို့၊ ဗာ​ရှန်​ပြည်​နှင့် ဂိ​လဒ်​ပြည်၌ ကျက်​စား​သော အ​ခွင့်​ကို ပေး​တော်​မူ​ပါ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ