သူသည်လည်း လူတို့ရှေ့မှာသင်၏စကားပြန်လုပ်၍၊ သင်၏ နှုတ်ကိုယ်စားဖြစ်လိမ့်မည်။ သင်သည်လည်း သူ၏ဘုရားသခင်ကိုယ်စား ဖြစ်လိမ့်မည်။
သင်တို့သည် ဘုရားဖြစ်ကြ၏။ ရှိသမျှတို့သည် အမြင့်ဆုံးသောဘုရား၏သားဖြစ်ကြ၏ ဟုငါဆိုသတည်း။
ငါ့စကားကိုနားထောင်လော့။ ငါအကြံပေးမည်။ ဘုရားသခင်သည်လည်း သင့်ဘက်၌ ရှိတော်မူလိမ့်မည်။ သင်သည် ဘုရားသခင်နှင့်ဆိုင်သောအမှု၌ လူများတို့၏အမှုကိုစောင့်လျက် ဘုရားသခင်အထံတော်သို့ဝင်၍ လျှောက်ရမည်။
သို့ဖြစ်၍ ယခုသွားလော့။ သင်၏နှုတ်၌ငါရှိ၍၊ သင်သည် အဘယ်သို့ပြောရမည်ကို သွန်သင်မည်ဟုမိန့်တော်မူ၏။
အာရုန်သည် မောရှေအား ထာဝရဘုရားမိန့်တော်မူသော စကားတော်အလုံးစုံတို့ကိုပြန်ပြော၍၊ လူတို့ရှေ့မှာနိမိတ်သက်သေတို့ကိုပြလေ၏။
ထိုအခါ ယေရမိသည် အခြားသောစာလိပ်ကိုယူ၍၊ နေရိသား စာရေးဗာရုတ်အား ပေးသဖြင့်၊ ယုဒရှင်ဘုရင်ယောယကိမ် မီးရှို့သောစာ၌ ပါသမျှသော စကားတို့ကို ယေရမိသည်နှုတ်မြွက်၍၊ ဗာရုတ်သည် ရေးထား၏။ အလားတူသော စကားအများကိုလည်း ထပ်၍သွင်းရ၏။