Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 4:10

Judson Bible

မော​ရှေ​က​လည်း၊ အို​ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​သည် နှုတ်​သ​တ္တိ​မ​ရှိ​ပါ။ အ​ထက်​က​လည်း​မ​ရှိ​ပါ။ ကိုယ်​တော်​ကျွန်​အား မိန့်​တော်​မူ​သော​အ​ခါ၌​ပင်​မ​ရှိ​ပါ။ နှုတ်​လေး​သော​သူ၊ စ​ကား​နှေး​နှေး​ပြော​တတ်​သော​သူ​ဖြစ်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သာ​လျှင် လူ​ဖြစ်၍၊ သင်​တို့​နှင့်​အ​တူ ဉာဏ်​ပ​ညာ​သေ​လိမ့်​မည်​ဟု ယုံ​မှား​စ​ရာ​မ​ရှိ​ရ။

မော​ရှေ​က​လည်း၊ အ​ကျွန်ုပ်​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်၍၊ ဖာ​ရော​ဘု​ရင်​ထံ​သို့ ဝင်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​ရ​ပါ​မည်​နည်း​ဟု ဘု​ရား​သ​ခင်​အား​လျှောက်​လျှင်၊

မော​ရှေ​က​လည်း၊ ထို​သူ​တို့​သည် အ​ကျွန်ုပ်​ကို​မ​ယုံ၊ အ​ကျွန်ုပ်​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ထင်​ရှား​တော်​မ​မူ​ဟု ဆို​ကြ​ပါ​လိမ့်​မည်​ဟု ပြန်​လျှောက်​လေ၏။

မော​ရှေ​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ကျွန်ုပ်​ပြော​သော​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​သည်​ဖြစ်​၍၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော​နှုတ်​နှင့် ပြော​တတ်​သော အ​ကျွန်ုပ်၏​စ​ကား​ကို ဖာ​ရော​မင်း​သည် အ​ဘယ်​သို့​နား​ထောင်​ပါ​မည်​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ လျှောက်​ဆို​၏။

မော​ရှေ​က​လည်း၊ အ​ကျွန်ုပ်​သည်​အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​နှုတ်​ရှိ​သည်​ဖြစ်၍၊ ဖာ​ရော​ဘု​ရင်​သည် အ​ကျွန်ုပ်​စ​ကား​ကို အ​ဘယ်​သို့ နား​ထောင်​ပါ​လိမ့်​မည်​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ​လျှောက်​ဆို၏။

ငါ​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် မ​ဟော​မ​ပြော​တတ်​ပါ။ သူ​ငယ်​ဖြစ်​ပါ၏​ဟု လျှောက်​လျှင်၊

သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​ဆောင်​ခဲ့​ပြီ။ ကျွန်​ခံ​နေ​ရာ​အ​ရပ်​မှ ရွေး​နုတ်​ပြီ။ သင့်​ရှေ့​မှာ မော​ရှေ၊ အာ​ရုန်၊ မိ​ရိ​အံ​တို့​ကို ငါ​စေ​လွှတ်​လေ​ပြီ။

မော​ရှေ​သည်​လည် အဲ​ဂု​တ္တု အ​တတ်​ပ​ညာ အ​လုံး​စုံ​တို့​ကို​သင်၍၊ နှုတ်​သ​တ္တိ၊ လက်​သ​တ္တိ​ရှိ၏။-

အ​ကြောင်း​မူ​ကား၊ ထို​သူ၏​စာ​သည် လေး​လံ​သော​စာ၊ တန်​ခိုး​နှင့် ပြည့်​စုံ​သော​စာ ဖြစ်၏။ ကိုယ်​တိုင်​ရှိ​လျှင်​မူ​ကား၊ သ​တ္တိ​မ​ရှိ​သော​သူ၊ အ​ချည်း​နှီး​သော​စ​ကား​ကို ပြော​သော​သူ​ဖြစ်​သည်​ဟု ဆို​တတ်​သော​သူ​ရှိ၏။-

စ​ကား​အား​ဖြင့် လူ​ရိုင်း​ဟုတ်​သော်​လည်း၊ ပ​ညာ​အား​ဖြင့် လူ​ရိုင်း​မ​ဟုတ်။ သင်​တို့​တွင် အ​ရာ​ရာ၌ ငါ​တို့​သည်​အ​စဉ် ကိုယ်​ကို​ကိုယ်​ထင်​ရှား​စွာ ပြ​ကြ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ