Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 39:6

Judson Bible

ရှ​ဟံ​ကျောက်​နှစ်​လုံး​ကို​သွေး၍ တံ​ဆိပ်​ပေါ်​မှာ အ​က္ခ​ရာ​တင်​သ​ကဲ့​သို့ ဣ​သ​ရေ​လ​အ​မျိုး၏​နာ​မ​တို့​ကို အ​က္ခ​ရာ​တင်​ပြီး​မှ၊ ရွှေ​ကျောက်​အိုး၌ ထည့်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဩ​ဖိ​ရ​ရွှေ၊ မြတ်​သော​ရှ​ဟံ​ကျောက်၊ နီ​လာ​ကျောက်​နှင့် ဝယ်​သော်​လည်း မ​ရ​နိုင်။

ရှ​ဟံ​ကျောက်၊ ယဇ်​ပု​ရော​ဟိတ်​သင်​တိုင်း​နှင့် ရင်​ဖွဲ့၌ စီ​စ​ရာ​ကျောက်​မြတ်​တည်း​ဟူ​သော အ​လှူ​ကို​ခံ​ရ​မည်။

တံ​ဆိပ်​ပေါ်​မှာ အ​က္ခ​ရာ​တင်​သ​ကဲ့​သို့၊ ကျောက်​လုပ်​သော အ​လုပ်​နှင့်​တ​ကွ၊ ဣ​သ​ရေ​လ​အ​မျိုး၏ နာ​မည်​တို့​ကို ထို​ကျောက်​နှစ်​လုံး​အ​ပေါ်​မှာ အ​က္ခ​ရာ​တင်၍ ရွှေ​ကျောက်​အိုး​၌ ထည့်​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အောက်​မေ့​စေ​ခြင်း​ငှာ၊ ထို​ကျောက်​နှစ်​လုံး​ကို သင်​တိုင်း​သိုင်း​ကြိုး​ပေါ်​မှာ တပ်​ရ​မည်။ ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အောက်​မေ့​စေ​ခြင်း​ငှာ၊ သူ​တို့​နာ​မည်​များ​ကို အာ​ရုန်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မိ​မိ​ပ​ခုံး​ပေါ်​မှာ ဆောင်​ရ​မည်။

ရှ​ဟံ​ကျောက်​နှစ်​လုံး​ကို​ယူ၍၊ ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဆယ်​နှစ်​မျိုး​ကို၊

ရှ​ဟံ​ကျောက်၊ ယဇ်​ပု​ရော​ဟိတ်​သင်​တိုင်း​နှင့် ရင်​ဖွဲ့၌ စီ​စ​ရာ​ကျောက်​မြတ်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​အား​လှူ​သော​အ​လှူ​ကို ဆောင်​ခဲ့​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သင်​တိုင်း​အ​ပေါ်​နား၌ ထူး​ဆန်း​သော​ရင်​စည်း​ကို​လည်း သင်​တိုင်း​ကိုယ်​ကဲ့​သို့ ရွှေ​နှင့်​လည်း​ကောင်း၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​တို့​နှင့်​လည်း​ကောင်း လုပ်​လေ​၏။

ဧ​ဒင်​အ​ရပ်၊ ဘု​ရား​သ​ခင်၏ ဥ​ယျာဉ်​တော်၌​နေ​ပြီ။ သင်၏​ခေါင်း​ပေါ်​မှာ ကျောက်​နီ၊ ဥဿ​ဖ​ရား၊ စိန်၊ မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့၊ နီ​လာ၊ မြ၊ ပ​တ္တ​မြား အ​စ​ရှိ​သော​ကျောက်​မြတ် အ​မျိုး​မျိုး​တို့​ကို ဆောင်း​လေ၏။ ရွှေ​ဖြင့်​လုပ်​သော ပတ်​သာ၊ ပု​လွေ​တို့​သည်​လည်း၊ သင်​ဖွား​သော​နေ့၌​ပင် သင့်​အ​ဖို့ ပြင်​ဆင်​လျက်​ရှိ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ