Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 39:43

Judson Bible

ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အ​လုပ်​ရှိ​သ​မျှ​ကို ပြီး​စီး​စေ​ခြင်း​ငှာ၊ လုပ်​ကြောင်း​ကို မော​ရှေ​သိ​မြင်​သော​အ​ခါ၊ သူ​တို့​ကို ကောင်း​ချီး​ပေး​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​သည် မိ​မိ​ဖန်​ဆင်း​သ​မျှ​သော​အ​ရာ​တို့​ကို​ကြည့်​ရှု​လျှင်၊ အ​လွန်​ကောင်း​သည်​ကို မြင်​တော်​မူ​၍၊ ည​ဉ့်ဦး​နှင့် နံ​နက်​သည် ဆ​ဋ္ဌ​မ​နေ့​ရက်​ဖြစ်​လေ​၏။

ကောင်း​ကင်​မြေ​ကြီး​ရှင်၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင်​သည် အာ​ဗြံ​အား ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော​ဟု၊ အာ​ဗြံ​ကို​ကောင်း​ချီး​ပေး၍၊

မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​ပူ​ဇော်​ခြင်း အ​မှု​ကို​ပြီး​စီး​သော​အ​ခါ၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို​မြွက်၍ ပ​ရိ​သတ်​တို့​ကို ကောင်း​ချီး​ပေး​လေ၏။

နန်း​စံ​ဆယ်​တစ်​နှစ်၊ ဗု​လ​အ​မည်​ရှိ​သော အ​ဋ္ဌ​မ​လ​တွင် အိမ်​တော် အ​ခန်း​ကြီး​အ​ခန်း​ငယ်​တို့​နှင့် ဆိုင်​သ​မျှ​တို့​ကို လက်​စ​သတ်၍ ခု​နစ်​နှစ်​ပတ်​လုံး အိမ်​တော်​ကို တည်​ဆောက်​သ​တည်း။

တစ်​ဖန် ရှင်​ဘု​ရင်​သည် လှည့်​ကြည့်၍ ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​ကို ကောင်း​ချီး​ပေး​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် မတ်​တပ်​နေ​ကြ၏။

မတ်​တတ်​နေ​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို ကျယ်​သော​အ​သံ​နှင့် ကောင်း​ချီး​ပေး​သော​စ​ကား​ဟူ​မူ​ကား၊

မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ကို ဒါ​ဝိဒ်​မင်း​သည် ပြီး​စီး​စေ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို​မြွက်၍ ပ​ရိ​သတ်​တို့​ကို ကောင်း​ချီး​ပေး​လေ၏။

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည်​ထ၍ လူ​များ​တို့​ကို ကောင်း​ချီး​ပေး​ကြ၏။ သူ​တို့​စ​ကား​သံ​ကို ဘု​ရား​သ​ခင်​ကြား​တော်​မူ၏။ သန့်​ရှင်း​သော​ကျိန်း​ဝပ်​တော်​မူ​ရာ၊ ကောင်း​ကင်​ဘုံ​သို့ ပ​တ္ထ​နာ​စ​ကား​တက်​လေ၏။

တစ်​ဖန် ရှင်​ဘု​ရင်​သည် လှည့်​ကြည့်၍ ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​ကို ကောင်း​ချီး​ပေး​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် မတ်​တတ်​နေ​ကြ၏။

ယေ​ရု​ရှ​လင်​မြို့၌ နေ​ခြင်း​ငှာ အ​လို​လို​ဝန်​ခံ​သော သူ​အ​ပေါင်း​တို့​ကို၊ လူ​များ​တို့​သည် ကောင်း​ချီး​ပေး​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် နိ​စ္စ​အ​မြဲ​တည်၏။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​အ​မှု​တော်​တို့​တွင် ဝမ်း​မြောက်​တော်​မူ၏။

တ​ရား​တော်​အား​ဖြင့် ကိုယ်​တော်၏​ကျွန်​သည် သ​တိ​ရ၍၊ တ​ရား​စောင့်​ခြင်း​အ​ကျိုး​သည် ကြီး​လှ​ပါ၏။

ထို​သို့ မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြု​ကြ၏။

ငါ​ပြ​သ​မျှ​သော တဲ​တော်​ပုံ၊ တဲ​တော်​တန်​ဆာ​ပုံ​နှင့်​အ​ညီ လုပ်​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ပြီး​စီး​အောင် လုပ်​ပြီး​မှ မော​ရှေ​ထံ​သို့​ဆောင်​ခဲ့​ကြ၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မီး​ခွက်​များ​ကို​ထွန်း​လေ၏။

မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း​ပြု​ကြ၏။

မိန့်​တော်​မူ​သည်​အ​တိုင်း၊ ငါ​သည်​သွား၍ ဥ​ဖ​ရတ်​မြစ်​နား​မှာ ဝှက်​ထား၏။

ဤ​ရွေ့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​ပြစ်​ရှိ​သ​မျှ​တို့​ကြောင့် တစ်​နှစ်​တစ်​ခါ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​မည်​အ​ကြောင်း၊ သင်​တို့​သည် အ​စဉ်​စောင့်​ရ​သော​ပ​ညတ်​တော်​ဖြစ်​သ​တည်း​ဟု မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း အာ​ရုန်​ပြု​လေ၏။

ကောင်း​ချီး​ပေး၍ လွှတ်​လိုက်​လေ၏။ သူ​တို့​သည် ကိုယ်​နေ​ရာ​အိမ်​သို့ သွား​ကြ၏။

မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​အား မော​ရှေ​သည် ဗာ​ရှန်​ပြည်၌ မြေ​ကို​ပေး​နှင့်​ပြီ။ အ​မျိုး​တစ်​ဝက်​အား ယော​ရှု​သည် ယော်​ဒန်​မြစ်​အ​နောက်​ဘက်၌ သူ​တို့​ညီ​အစ်​ကို​များ​နှင့် အ​တူ မြေ​ကို​ပေး၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ