သိုင်းကြိုးနှစ်ပင်ကိုလုပ်၍ သင်တိုင်းအပေါ်နားချင်းတွဲမိစေခြင်းငှာ၊ တစ်ဖက်တစ်ချက်ကို ဆွဲချုပ်လေ၏။
သိုင်းကြိုးနှစ်ပင်ရှိ၍၊ သင်တိုင်းအပေါ်နားချင်း တွဲမိစေခြင်းငှာ၊ တစ်ဖက်တစ်ချက်ကို ဆွဲချုပ်ရမည်။
ရွှေကိုအပြားခတ်၍ ရွှေကြိုးကိုလှီးပြီးမှ၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကို ထူးဆန်းစွာအပြောက်ထိုးလေ၏။
ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ သင်တိုင်းအပေါ်နား၌ ထူးဆန်းသောရင်စည်းကိုလည်း သင်တိုင်းကိုယ်ကဲ့သို့ ရွှေနှင့်လည်းကောင်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့နှင့်လည်းကောင်း လုပ်လေ၏။