ထိုရင်ဖုံး၌ ကျောက်မြတ်ကို လေးတန်းစီလေ၏။ ပထမအတန်းကား ကျောက်နီ၊ ဥဿဖယား၊ ပတ္တမြား။
ကုရှဥဿဖရားသည် မမီနိုင်။ အမြတ်ဆုံးသောရွှေနှင့် ဝယ်၍ မရနိုင်။
ဣသရေလအမျိုး တစ်ဆယ်နှစ်မျိုးရှိသည်အတိုင်း၊ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ထိုကျောက်တို့၌၊ ထိုတစ်ဆယ့်နှစ်ပါးသော နာမည်အသီးအသီးတို့ကို တင်လျက်၊ ကျောက်တစ်လုံးလျှင် နာမည်တစ်ပါးစီပါရမည်။
ဒုတိယအတန်းကား မြ၊ နီလာ၊ စိန်။
ရင်ဖုံးနှစ်ထပ်ခေါက်လျက်၊ အလျားတစ်ထွာ၊ အနံတစ်ထွာ၊ စတုရန်းလေးထောင့်ဖြစ်၏။