Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 39:1

Judson Bible

သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ကို​ဆောင်​သော​အ​ခါ၊ ဝတ်​ရ​သော​အ​ဝတ်​ကို​လည်း​ကောင်း၊ အာ​ရုန်​ဝတ်​ဖို့ သန့်​ရှင်း​သော​အ​ဝတ်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်​နှင့် လုပ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည် အ​လွန် မြဲ​မြံ​ကြ​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​သည် အ​စဉ်​အ​မြဲ အိမ်​တော်၏​အ​သ​ရေ​ဖြစ်​ပါ​သ​တည်း။

ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော၊ ဆိတ်​မွေး။

တစ်​နည်း​ကား၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်​ဖြင့်​ပြီး​သော ခေ​ရု​ဗိမ်​အ​ရုပ်​နှင့် ချယ်​လှယ်​သော၊ ပိတ်​ချော​ကု​လား​ကာ​ဆယ်​ထည်​ဖြင့် တဲ​တော်​ကို​လုပ်​ရ​မည်။

ရွှေ​နှင့် ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​တို့​ကို ယူ​ရ​မည်။

အ​မှု​တော်​ကို​ထမ်း​စ​ရာ​အ​ဝတ်၊ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​နှင့် သူ​၏​သား​ဝတ်​ဖို့ သန့်​ရှင်း​သော​အ​ဝတ်​ကို​လည်း​ကောင်း၊

သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ကို​ထမ်း​စ​ရာ​အ​ဝတ်၊ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​နှင့် သူ၏​သား​ဝတ်​ရန် သန့်​ရှင်း​သော​အ​ဝတ်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​မှာ ထား​တော်​မူ​သ​မျှ​အ​တိုင်း လုပ်​ရ​ကြ​မည်​ဟု​ဆင့်​ဆို၏။

ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော၊ ဆိတ်​မွေး၊ အ​နီ​ဆိုး​သော​သိုး​ရေ၊ တ​ဟာ​ရှ​သား​ရေ​ရှိ​သော​သူ​တိုင်း ဆောင်​ခဲ့၏။

ကာ​သော​ဝင်း​ခြေ​စွပ်၊ ဝင်း​တံ​ခါး​ဝ​ခြေ​စွပ်၊ တဲ​တော်​တံ​သင်၊ ဝင်း​ပတ်​လည်၌​စိုက်​သော တံ​သင်​ရှိ​သ​မျှ​ကို​လည်း​ကောင်း လုပ်​လေ၏။

သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ကို​ဆောင်​သော​အ​ခါ ဝတ်​ရ​သော​အ​ဝတ်၊ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​ဝတ်​ဖို့ သန့်​ရှင်း​သော​အ​ဝတ်၊ သူ၏​သား ဝတ်​ရ​သော​အ​ဝတ်​ကို​လည်း​ကောင်း

ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဝင်​သော​အ​ခါ အ​မှု​တော်​ဆောင် အ​ဝတ်​ကို​ဝတ်​လျက်၊ သန့်​ရှင်း​သော​အ​ရပ်​မှ ပြင်​တံ​တိုင်း​သို့ မ​ထွက်​ရ။ ထို​အ​ဝတ် သန့်​ရှင်း​သော​ကြောင့် ချွတ်​ထား၍ အ​ခြား​သော​အ​ဝတ်​ကို ဝတ်​ပြီး​မှ၊ လူ​များ​ရှိ​ရာ​သို့ ထွက်​သွား​ရ​ကြ​မည်​ဟု ငါ့​အား​ပြော​ဆို၏။

တောင်​ထိပ်​ပေါ်​မှာ​တည်​သော အိမ်​တော်၏​တ​ရား​ဟူ​မူ​ကား၊ အိမ်​တော်​နယ်​နိ​မိတ်​ရှိ​သ​မျှ​တို့​သည် အ​လွန်​သန့်​ရှင်း​ရ​ကြ​မည်။ ဤ​ရွေ့​ကား၊ အိမ်​တော်၏​တ​ရား​ပေ​တည်း။

ငါ​တို့​အ​ဖို့ ထာ​ဝ​ရ​ရွေး​နုတ်​ခြင်း ကျေး​ဇူး​ကို​ခံ​ရ၍ ဆိတ်​အ​သွေး၊ နွား​က​လေး​အ​သွေး​နှင့် မ​ဟုတ်၊ မိ​မိ​အ​သွေး​တော်​နှင့် သန့်​ရှင်း​ရာဌာ​န​ထဲ​သို့ တစ်​ခါ​တည်း ဝင်​တော်​မူ၏။-

သို့​သော်​လည်း၊ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ သူ​တစ်​ပါး​အ​သွေး​နှင့် နှစ်​တိုင်း အ​စဉ်​ဝင်​ရ​သ​ကဲ့​သို့ ခ​ရစ်​တော်​သည် အ​ဖန်​များ​စွာ ကိုယ်​ကို ပူ​ဇော်​ရ​သည်​မ​ဟုတ်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ