အကာရှသားထမ်းပိုးတို့ကိုလုပ်၍ ကြေးဝါနှင့် မွမ်းမံပြီးမှ၊
အနီဆိုးသောသိုးရေ၊ တဟာရှသားရေ၊ အကာရှသစ်သား။
လိမ်းရန်ဆီဖော်ဖို့၊ မီးရှို့ရာနံ့သာပေါင်းမွှေးဖော်ဖို့ရာ၊ နံ့သာမျိုး၊ မီးထွန်းစရာဆီ၊
ထမ်းပိုးထားရာ ဆန်ခါလေးထောင့်၌တပ်ရသော ကြေးဝါလေးကွင်းကို သွန်းလေ၏။
ယဇ်ပလ္လင်ကိုထမ်းစရာဖို့ တစ်ဖက်တစ်ချက်ကွင်းများ၌ လျှိုထားလေ၏။ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်းဖြစ်စေခြင်းငှာ၊ ပျဉ်ပြားနှင့် လုပ်လေ၏။
ငါသည်လည်း၊ အကာရှသစ်သားဖြင့် သေတ္တာကိုလုပ်၍၊ အရင်ကျောက်ပြားနည်းတူ ကျောက်ပြားနှစ်ပြားကို ခုတ်ပြီးမှ၊ ထိုကျောက်ပြားကို ကိုင်လျက် တောင်ပေါ်သို့တက်လေ၏။