ကြေးဝါဆန်ခါကိုလုပ်၍ ယဇ်ပလ္လင်ခါးပန်းအောက်အလယ်၌ထား၍၊
ကြေးဝါဆန်ခါကိုလည်းကောင်း၊ ဆန်ခါလေးထောင့်အပေါ်မှာ ကြေးဝါလေးကွင်းကိုလည်းကောင်း လုပ်ပြီးလျှင်၊
ယဇ်ပလ္လင်ခါးပန်းအောက်၊ အလယ်၌ထားရမည်။
အိုးနှင့်တကွ တူးရွင်းပြား၊ အင်တုံ၊ အမဲသားချိတ်၊ လင်ပန်းအစရှိသော ယဇ်ပလ္လင်နှင့်ဆိုင်သော တန်ဆာရှိသမျှတို့ကို ကြေးဝါနှင့်လုပ်လေ၏။
ထမ်းပိုးထားရာ ဆန်ခါလေးထောင့်၌တပ်ရသော ကြေးဝါလေးကွင်းကို သွန်းလေ၏။