Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 38:23

Judson Bible

ထို​မှ​တစ်​ပါး၊ ထု​လုပ်​တတ်​သော​သူ၏​အ​လုပ်၊ ဆန်း​ပြား​သော လက်​သ​မား​အ​လုပ်၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​ကို ချယ်​လှယ်​တတ်​သော​သူ၏ အ​လုပ်​ကို​လုပ်​တတ်​သော ဒန်​အ​မျိုး​သား အ​ဟိ​သ​မက်၏​သား​အ​ဟော​လျ​ဘ​လည်း​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော၊ ဆိတ်​မွေး။

တဲ​တော်​တံ​ခါး​ဝ၌​ကာ​ရန်၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​ဖြင့်​ပြီး၍၊ ချယ်​လှယ်​သော ကု​လား​ကာ​တစ်​ထည်​ကို လုပ်​ရ​မည်။

နား​ထောင်​လော့၊ ငါ​သည် ယု​ဒ​အ​မျိုး​သား​ဟု​ရ၏​သား​ဖြစ်​သော ဥ​ရိ၏​သား ဗေ​ဇ​လေ​လ​ကို အ​မည်​ဖြင့်​ခန့်​ထား​၏။

သူ​နှင့်​အ​တူ ဒန်​အ​မျိုး​သား​အ​ဟိ​သ​မက်၏​သား၊ အ​ဟော​လျ​ဘ​ကို​လည်း ငါ​ခန့်​ထား၏။ ငါ​သည် သင့်​အား​မှာ​ထား​သ​မျှ​တို့​ကို လိ​မ္မာ​သော​သူ​အ​ပေါင်း​တို့​သည် လုပ်​တတ်​မည်​အ​ကြောင်း၊ သူ​တို့​နှ​လုံး​ထဲ​သို့ ဉာဏ်​ပ​ညာ​ကို​ငါ​သွင်း​ထား​ပြီ။

သူ​နှင့် ဒန်​အ​မျိုး​သား​အ​ဟိ​သ​မက်၏​သား​အ​ဟော​လျ​ဘ​သည်၊ သူ​တ​ပါး​အား အ​တတ်​သင်​ပေး​နိုင်​မည်​အ​ကြောင်း၊ ဉာဏ်​ကို​ပေး​တော်​မူ​ပြီ။

ထို​သို့ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ဆောင်​စ​ရာ​ဖို့၊ အ​မျိုး​မျိုး​သော​အ​လုပ်​ကို လုပ်​တတ်​သော​ဉာဏ်​ပ​ညာ​ကို ထာ​ဝ​ရ​ဘု​ရား​ပေး​သွင်း​တော်​မူ​သော ပ​ညာ​ရှိ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ဗေ​ဇ​လေ​လ၊ အ​ဟော​လျ​ဘ​တို့​သည် အ​လုပ်​လုပ်​ကြ​လိမ့်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ