တိုင်တို့သည် ကြေးဝါခြေစွပ်၊ ငွေတံစို့၊ ငွေတန်းနှင့်ပြည့်စုံ၍ တိုင်ထိပ်များကိုလည်း ငွေနှင့်မွမ်းမံလေ၏။ ဝင်းတိုင်တန်းရှိသမျှတို့သည် ငွေတန်းဖြစ်၏။
တိုင်အပေါ်မှာတင်စရာဖို့ အမြင့်ငါးတောင်ရှိသော ကြေးဝါတိုင်ထိပ်နှစ်ခုကိုလည်း သွန်းလေ၏။
ထိုကုလားကာဖို့ တိုင်နှစ်ဆယ်၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ်၍ တိုင်တံစို့၊ တိုင်တန်းတို့ကို ငွေဖြင့်ပြီးစေရမည်။
ဝင်းပတ်လည်၌ကာသော ကုလားကာရှိသမျှတို့သည် ပိတ်ချောဖြင့်ပြီး၏။
ဝင်းတံခါးဝ၌ကာရန် ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍ ချယ်လှယ်သောကုလားကာ၊ အလျားအတောင်နှစ်ဆယ်၊ အမြင့်ငါးတောင်ရှိ၍၊ ဝင်းကာသောကုလားကာနှင့် တညီတည်းဖြစ်၏။
မေရာရိသားတို့အငန်းအတာဟူမူကား၊ တဲတော်ပျဉ်ပြားများ ကန့်လန့်ကျင်များ၊ တိုင်များ၊ ခြေစွပ်များ၊ ထိုအရာနှင့်ဆိုင်သောတန်ဆာများ အစရှိသည်တို့ကိုလည်းကောင်း၊ ဝင်းတိုင်များ၊
ဝင်းတိုင်၊ ခြေစွပ်တံသင်၊ ကြိုးများတို့ကိုလည်းကောင်း ထိုအရာများနှင့်ဆိုင်၍ အမှုတော်ထမ်းရန် တန်ဆာရှိသမျှတို့ကိုလည်းကောင်း ထမ်းရွက်ရကြမည်။ သူတို့ထမ်းရွက်ရသောတန်ဆာတို့ကို အမည်မှတ်၍ရေတွက်ရမည်။