အကာရှသားထမ်းပိုးကိုလုပ်၍ ရွှေနှင့်မွမ်းမံပြီးမှ၊
ထမ်းပိုးတို့ကို ဆွဲထားသဖြင့် ထမ်းပိုးဖျားတို့သည် ပြင်ခန်း၌မထင်။ သန့်ရှင်းရာဌာန၊ ဗျာဒိတ်ဌာနတော်၌သာထင်၍ ယနေ့တိုင်အောင်ရှိကြ၏။
အနီဆိုးသောသိုးရေ၊ တဟာရှသားရေ၊ အကာရှသစ်သား။
ရွှေလေးကွင်းကိုသွန်း၍၊ သေတ္တာလေးထောင့်၌ တစ်မျက်နှာ နှစ်ကွင်းစီတပ်လေ၏။
သေတ္တာထမ်းစရာဖို့ တစ်ဖက်တစ်ချက် ရွှေကွင်း၌လျှိုထားလေ၏။
သခင်ဘုရားကလည်း၊ ထိုသူကား တစ်ပါးအမျိုးသားတို့နှင့် ရှင်ဘုရင်တို့ထံသို့လည်းကောင်း၊ ဣသရေလ အမျိုးသားတို့ရှိရာသို့လည်းကောင်း၊ ငါ၏နာမကို ပို့ဆောင်စေခြင်းငှာ ငါရွေးကောက်သော တန်ဆာဖြစ်၏။-