Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 36:5

Judson Bible

မော​ရှေ​ထံ​သို့​လာ၍ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော အ​လုပ်​ပြီး​လောက်​ရုံ​မျှ​မ​က၊ ပို၍​ဆောင်​ခဲ့​ကြ​ပါ​ပြီ​ဟု ကြား​ပြော​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

လက်​စ​သတ်​သော​အ​ခါ၊ ကျန်​ကြွင်း​သော​ငွေ​ကို ရှင်​ဘု​ရင်​နှင့် ယော​ယ​ဒ​ထံ​သို့​ယူ​ခဲ့၍၊ ထို​ငွေ​နှင့် ဗိ​မာန်​တော်၌ အ​မှု​တော်​ကို ဆောင်​ရွက်​ပူ​ဇော်​ရန် တန်​ဆာ၊ ရွှေ​ဖ​လား၊ ငွေ​ဖ​လား၊ ဇွန်း​များ​ကို​လုပ်​ကြ၏။ ယော​ယ​ဒ​လက်​ထက် ကာ​လ​ပတ်​လုံး၊ ဗိ​မာန်​တော်၌ မီး​ရှို့​ရာ​ယဇ်​ကို အ​စဉ်​ပူ​ဇော်​ကြ၏။

လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နား၌​ဆင်​သော ရွှေ​နား​တောင်း​များ​ကို​ချွတ်၍၊ အာ​ရုန်​ထံ​သို့​ဆောင်​ခဲ့​ကြ၏။

ထို​အ​ခါ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​လုပ်​ကို လုပ်​ကိုင်​သော ပ​ညာ​ရှိ​အ​ပေါင်း​တို့​သည်၊ အ​သီး​အ​သီး​မိ​မိ​လုပ်​ရာ​မှ၊

မော​ရှေ​က၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ဖို့​လှူ​ခြင်း​ငှာ အ​ဘယ်​ယောက်ျား​မိန်း​မ​မျှ ထပ်​မံ၍​မ​လုပ်​စေ​နှင့်​ဟု စီ​ရင်၍၊ တစ်​တပ်​လုံး၌ ကြော်​ငြာ​စေ​သ​ဖြင့်၊ လူ​များ​အ​လှူ​ဆောင်​ခြင်း​အ​မှု​ကို ဆီး​တား၏။

လူ​ခပ်​သိမ်း​တို့​သည် ယေ​ရှု​ခ​ရစ်၏​အ​ကျိုး​ကို မ​ရှာ၊ ကိုယ်​အ​ကျိုး​ကို​သာ ရှာ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ