ထွက်မြောက် 36:1Judson Bibleထိုသို့ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ သန့်ရှင်းရာဌာန၌ အမှုတော်ဆောင်စရာဖို့၊ အမျိုးမျိုးသောအလုပ်ကို လုပ်တတ်သောဉာဏ်ပညာကို ထာဝရဘုရားပေးသွင်းတော်မူသော ပညာရှိအပေါင်းတို့နှင့်တကွ၊ ဗေဇလေလ၊ အဟောလျဘတို့သည် အလုပ်လုပ်ကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
သင်းဖွဲ့သောယဇ်ပုရောဟိတ်၊ လေဝိသားတို့သည်လည်း ဘုရားသခင်၏အိမ်တော်မှုကို ဆောင်ရွက်ရာဖို့ရှိကြ၏။ လိမ္မာသော ဆရာသမား အမျိုးမျိုးတို့သည်လည်း အရာရာတို့ကို လုပ်ဆောင်စေဖို့ရှိကြ၏။ မင်းများနှင့် ပြည်သူပြည်သားများ အပေါင်းတို့သည်လည်း သင့်လက်၌ရှိကြသည်ဟု မိန့်တော်မူ၏။