Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 34:23

Judson Bible

သင်​တို့​အ​မျိုး​သား ယောက်ျား​အ​ပေါင်း​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​တည်း​ဟူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင့်​ရှေ့​တော်၌ တစ်​နှစ်​လျှင် သုံး​ကြိမ်​မျက်​နှာ​ပြ​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

နောင်၌ သင်၏​အ​မည်​ကို​ယာ​ကုပ်​ဟူ၍ မ​ခေါ်​ရ။ ဣ​သ​ရေ​လ​ဟူ၍​ခေါ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​သည်​ဘု​ရား​သ​ခင်​နှင့်​လည်း​ကောင်း၊ လူ​နှင့်​လည်း​ကောင်း၊ မင်း​ကဲ့​သို့​ပြိုင်၍ နိုင်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။

ထို​အ​ရပ်၌​လည်း ယဇ်​ပ​လ္လင်​ကို​တည်​ပြီး​လျှင်၊ ဧ​လေ​လော​ဣ​သ​ရေ​လ​ဟူ၍​သ​မုတ်​လေ၏။

ထို​မှ​တစ်​ပါး ဥ​ပုသ်​နေ့​နှင့် လ​ဆန်း​နေ့၌​လည်း​ကောင်း၊ အ​ဇု​မ​ပွဲ၊ ခု​နစ်​သီ​တင်း​ပွဲ၊ သ​ကေ​နေ​ပွဲ​တည်း​ဟူ​သော တစ်​နှစ်​တစ်​နှစ်​လျှင် ဓ​မ္မ​ပွဲ​သုံး​ပွဲ​ခံ​သော​နေ့၌​လည်း​ကောင်း ယဇ်​ပူ​ဇော်​လေ့​ရှိ၏။

သူ​တို့​သည် အား​တိုး​တက်၍ ခ​ရီး​သွား​လျက်၊ ဇိ​အုန်​မြို့​မှာ ဘု​ရား​သ​ခင့်​ထံ​တော်၌ မျက်​နှာ​ပြ​ကြ​ပါ၏။

တစ်​နှစ်​တွင်​သုံး​ကြိမ် ငါ့​အ​ဖို့​ပွဲ​ခံ​ရ​မည်။ ငါ​မှာ​ထား​ခဲ့​ပြီး​သည်​အ​တိုင်း၊ အ​ဗိ​ဗ​လ ချိန်း​ချက်​သော​နေ့​ရက်​အ​ချိန်၌ အ​ဇု​မ​ပွဲ​ကို​ခံ၍၊ ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​သော​မုန့်​ကို စား​ရ​မည်။

သင်​တို့​တွင် ယောက်ျား​အ​ပေါင်း​တို့​သည်၊ တစ်​နှစ်​လျှင်​သုံး​ကြိမ် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင့်​ရှေ့​တော်၌ မျက်​နှာ​ပြ​ရ​ကြ​မည်။

ပြည်​သူ​ပြည်​သား​တို့​သည် ဓ​မ္မ​ပွဲ​ခံ​ချိန်​ကာ​လ၌၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ ဝင်​သော​အ​ခါ၊ ဦး​ညွှတ်​ချ​ခြင်း​ငှာ မြောက်​တံ​ခါး​ဖြင့် ဝင်​သော​သူ​သည် တောင်​တံ​ခါး​ဖြင့် ထွက်​ရ​မည်။ တောင်​တံ​ခါး​ဖြင့် ဝင်​သော​သူ​သည် မြောက်​တံ​ခါး​ဖြင့် ထွက်​ရ​မည်။ ဝင်​သော​တံ​ခါး​ဖြင့် မ​ထွက်​ရ။ ဝင်​သော​တံ​ခါး တစ်​ဖက်​တစ်​ချက်၌​ရှိ​သော တံ​ခါး​ဖြင့်​ထွက်​ရ​မည်။

အ​ဇု​မ​ပွဲ​ခံ​ချိန်၊ ခု​နစ်​သီ​တင်း​ပွဲ​ခံ​ချိန်၊ သ​ကေ​နေ​ပွဲ​ခံ​ချိန်​တည်း​ဟူ​သော တစ်​နှစ်​တွင် သုံး​ကြိမ်​မြောက်​အောင် သင်​တို့​ယောက်ျား​အ​ပေါင်း​တို့​သည်၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော အ​ရပ်၌ ရှေ့​တော်​မှာ မျက်​နှာ​ပြ​ရ​ကြ​မည်။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ အ​ဘယ်​သူ​မျှ​လက်​ချည်း မ​ပေါ်​မ​လာ​ရ။

ဧ​လ​ကာ​န​သည် ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်၍ ယဇ်​ပူ​ဇော်​ခြင်း​ငှာ၊ မိ​မိ​နေ​ရာ​မြို့​မှ ရှိ​လော​မြို့​သို့ နှစ်​တိုင်း​သွား​မြဲ​ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ် ဧ​လိ၏​သား​ဟော​ဖ​နိ​နှင့် ဖိ​န​ဟတ်​သည် ရှိ​လော​မြို့၌ နေ​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ