Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 34:19

Judson Bible

သား​ဦး​အ​ပေါင်း​တို့​သည် ငါ့​ဥ​စ္စာ​ဖြစ်​ကြ၏။ သင်၏​တိ​ရ​စ္ဆာန်​တို့​တွင်​လည်း၊ နွား​ဖြစ်​စေ၊ သိုး​ဖြစ်​စေ၊ သား​ဦး​အ​ပေါင်း​တို့​သည် ငါ့​ဥ​စ္စာ​ဖြစ်​ကြ၏။ သို့​ရာ​တွင်၊ မြည်း​သား​ဦး​ကို သိုး​သ​ငယ်​နှင့်​ရွေး​ယူ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သည်​အ​တိုင်း၊ အ​ဦး​ဖွား​သော သား​ယောက်ျား​နှင့် အ​ဦး​ဖွား​သော သိုး​နွား​အ​စ​ရှိ​သည်​တို့​ကို၊ ဗိ​မာန်​တော်၌ အ​မှု​စောင့်​သော ယဇ်​ပု​ရော​ဟိတ်​တို့​ရှိ​ရာ ဗိ​မာန်​တော်​သို့ ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း၊

သင်​တို့၌ အ​ဦး​ဖွား​သော​သား​အ​ပေါင်း​တို့​နှင့် သင်​တို့၌​ရှိ​သော​တိ​ရ​စ္ဆာန်​တို့၏ သား​ဦး​အ​ပေါင်း​တို့​ကို၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ အ​သီး​အ​ခြား​ခွဲ​ထား​ရ​ကြ​မည်။ အ​ထီး​ရှိ​သ​မျှ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား၏​ဥ​စ္စာ​ဖြစ်​ရ​ကြ​မည်။

လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ သား​ဦး​အ​ပေါင်း​တို့​ကို ငါ့​အ​ဖို့​သန့်​ရှင်း​စေ​လော့။ ငါ့​ဥ​စ္စာ​ဖြစ်​ကြ​သည်​ဟု မိန့်​တော်​မူ၏။

အ​ဦး​မှည့်​သော​အ​သီး၊ အ​ဦး​ညှစ်​သော​အ​ရည်​ကို မ​ထိမ်​မ​ဝှက်​ဘဲ ဆက်​ကပ်​ရ​မည်။ အ​ဦး​ဖွား​သော သား​ယောက်ျား​ကို​လည်း ငါ့​အား​ဆက်​ကပ်​ရ​မည်။

အ​ဦး​သီး​သော အ​သီး​အ​မျိုး​မျိုး​နှင့်၊ ချီး​မြှောက်​ရာ ပူ​ဇော်​သ​ကာ​အ​လုံး​စုံ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​သည် သိမ်း​ယူ​ရ​မည်။ သူ​သည်​သင့်​အိမ်၌ ကောင်း​ကြီး​မင်္ဂ​လာ​ကို သက်​ရောက်​စေ​ခြင်း​ငှာ၊ အ​ဦး​နယ်​သော မုန့်​စိမ်း​ကို သူ၌​လှူ​ရ​မည်။

သား​ဦး ယောက်ျား​အ​ပေါင်း​တို့​သည် ဘု​ရား​အ​ဖို့​သန့်​ရှင်း​ရ​ကြ၏​ဟု ထာ​ဝ​ရ​ဘု​ရား၏ ပ​ည​တ္တိ​ကျမ်း​လာ​သည်​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ပြီး​မှ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ