Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 33:7

Judson Bible

မော​ရှေ​သည် တဲ​တော်​ကို​ယူ၍ တပ်​ပြင်၌​ခပ်​ဝေး​ဝေး​ဆောက်​ပြီး​လျှင်၊ ပ​ရိ​သတ် စည်း​ဝေး​ရာ​တဲ​ဟူ၍ ခေါ်​ဝေါ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​သူ​အ​ပေါင်း​တို့​သည် တပ်​ပြင်၌​ရှိ​သော ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​သို့ ထွက်​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထို​နောက် ဒါ​ဝိဒ်​လက်​ထက်၌ သုံး​နှစ်​ပတ်​လုံး အ​စာ​အာ​ဟာ​ရ ခေါင်း​ပါး​ခြင်း​ဖြစ်၍၊ ဒါ​ဝိဒ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ဂိ​ဗောင်​လူ​တို့​ကို သတ်​သော​ရှော​လု​နှင့် လူ​အ​သက်​ကို​သတ်​တတ်​သော ရှော​လု​အ​မျိုး​ကြောင့် ဤ​အ​မှု​ရောက်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။

အို​ထာ​ဝ​ရ​ဘု​ရား။ ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် ဝေး​ဝေး​ရပ်၍ နေ​တော်​မူ​သ​နည်း။ ဘေး​အ​န္တ​ရာယ် ရောက်​သည်​ကာ​လ အ​ဘယ်​ကြောင့် ပုန်း​ကွယ်၍ နေ​တော်​မူ​သ​နည်း။

ငါ၏​မျက်​နှာ​ကို​ရှာ​ကြ​လော့​ဟူ​သော အ​မိန့်​တော်​ကို ရှေ့​တော်၌ အ​ကျွန်ုပ်​သည် သ​တိ​ပြု​လျက်၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​မျက်​နှာ​ကို​ရှာ​ပါ​မည်။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သိ​မြင်​တော်​မူ၏။ အို​ဘု​ရား​ရှင်၊ တိတ်​ဆိတ်​စွာ နေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​နှင့် ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။

မော​ရှေ၏​ယော​က္ခ​မ​ယေ​သ​ရော​သည်၊ မီး​ရှို့​စ​ရာ​ယဇ်​နှင့် ဘု​ရား​သ​ခင်​အ​ဖို့ ယဇ်​များ​ကို​ဆောင်​ခဲ့​၍၊ အာ​ရုန်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည်၊ မော​ရှေ၏​ယော​က္ခ​မ​နှင့်​အ​တူ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​စာ​စား​ခြင်း​ငှာ လာ​ကြ၏။

မော​ရှေ​သည်​ယော​က္ခ​မ​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ​ထွက်​၍ ဦး​ချ​နမ်း​ရှုပ်​လျက်၊ ကျန်း​မာ​ကြောင်း​ကို တစ်​ယောက်​နှင့် တစ်​ယောက်​မေး​မြန်း​လျက် တဲ​သို့​ဝင်​ကြ​၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဟော​ရပ်​တောင်​ခြေ​ရင်း၌ မိ​မိ​တို့​တန်​ဆာ​များ​ကို ချွတ်​ကြ၏။

မော​ရှေ​သည်​တဲ​တော်​သို့ ထွက်​သွား​သော​အ​ခါ၊ လူ​အ​ပေါင်း​တို့​သည်​ထ၍ အ​သီး​အ​သီး မိ​မိ​တို့​တဲ​တံ​ခါး​ဝ၌​ရပ်​လျက် တဲ​တော်​အ​ထဲ​သို့ မော​ရှေ​ဝင်​သည် တိုင်​အောင် ကြည့်​ရှု​လျက်​နေ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မ​တ​ရား​သော​သူ​တို့​နှင့် ဝေး​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ၏​ပ​တ္ထ​နာ​စ​ကား​ကို​ကား နား​ထောင်​တော်​မူ၏။

သင်​တို့ ဒု​စ​ရိုက်​သည် သင်​တို့​ကို ဘု​ရား​သ​ခင်​နှင့် ကွာ​စေ​ပြီ။ ကြား​တော်​မ​မူ​စေ​ခြင်း​ငှာ၊ သင်​တို့​အ​ပြစ်​သည် မျက်​နှာ​တော်​ကို လွှဲ​စေ​ပြီ။

သား​သ​မီး​တို့​ကို ကျွေး​မွေး​သော်​လည်း၊ တစ်​ယောက်​ကို​မျှ မ​ကျန်​စေ​ခြင်း​ငှာ ငါ​လု​ယူ​မည်။ အ​ကယ်၍ သူ​တို့​ကို ငါ​စွန့်​ပစ်​သော​အ​ခါ အ​မင်္ဂ​လာ​ရှိ​ကြ​လိမ့်​မည်။

သို့​သော်​လည်း၊ ထို​အ​ရပ်​တို့၌ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို တစ်​ဖန်​ရှာ​လို​သော​အ​ခါ၊ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ရှာ​လျှင် တွေ့​ရ​ကြ​လိမ့်​မည်။

လူ​မ​ဆောက်​ဘဲ ထာ​ဝ​ရ​ဘု​ရား ဆောက်​တော်​မူ​သော တဲ​တော်​စစ်​တည်း​ဟူ​သော၊ သန့်​ရှင်း​ရာ​ဌာ​န၌ ဘု​ရား​ဝတ်​ကို​ပြု​သော​သူ ဖြစ်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ