Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 32:4

Judson Bible

အာ​ရုန်​သည်​လည်း​လက်​ခံ၍၊ နွား​သ​ငယ်​ရုပ်​ပုံ​သ​ဏ္ဌာန်​ကို က​ညစ်​နှင့်​ရေး​သား​ပြီး​လျှင် သွန်း​လေ၏။ လူ​များ​တို့​က​လည်း အို​ဣ​သ​ရေ​လ​အ​မျိုး၊ ဤ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​သော သင်၏​ဘု​ရား​ဖြစ်​တော်​မူ​သည်​ဟု ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

36 ပူးပေါင်းရင်းမြစ်များ  

သူ​တစ်​ပါး​နှင့်​တိုင်​ပင်၍ ရွှေ​နွား​သ​ငယ်​နှစ်​ကောင်​ကို​လုပ်​ပြီး​လျှင်၊ သင်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ရ​သော​အ​မှု​ခက်​လှ၏။ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော​ဘု​ရား​တို့​ကို ကြည့်​ရှု​ကြ​လော့​ဟု ဆို​လျက်၊

ယု​ဒ​ပြည်၌​ခံ​သော​ပွဲ​ကဲ့​သို့ အ​ဋ္ဌ​မ​လ တစ်​ဆယ့်​ငါး​ရက်​နေ့​တွင် ပွဲ​ကို​စီ​ရင်၍၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်၏။ ထို​သို့ ဗေ​သ​လ​မြို့၌​စီ​ရင်၍၊ မိ​မိ​လုပ်​သော​နွား​သ​ငယ်​တို့​အား ယဇ်​ပူ​ဇော်၏။ မြင့်​သော​အ​ရပ်၌ ခန့်​ထား​သော ယဇ်​ပု​ရော​ဟိတ်​တို့​ကို​လည်း ဗေ​သ​လ​မြို့​မှာ နေ​ရာ​ချ၏။

ဗာ​လ​ဘု​ရား​အ​ဖို့ ဓ​မ္မ​ပွဲ​ကို​ပြင်​ဆင်​ကြ​ဟု တစ်​ဖန်​စီ​ရင်​သည်​အ​တိုင်း ဓ​မ္မ​ပွဲ​ကို စောင့်​ရ​မည်​ဟု ကြော်​ငြာ​ကြ၏။

သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော နေ​ဗတ်​သား​ယေ​ရော​ဗောင်၏ ဒု​စ​ရိုက်​တည်း​ဟူ​သော၊ ဗေ​သ​လ​မြို့​နှင့် ဒန်​မြို့​မှာ​ရှိ​သော ရွှေ​နွား​သ​ငယ်​တို့​ကို မ​စွန့်။

မြင့်​သော​အ​ရပ်၊ နတ်​ဆိုး၊ မိ​မိ​လုပ်​သော နွား​သ​ငယ်​တို့​အ​ဖို့၊ ယဇ်​ပု​ရော​ဟိတ်​တို့​ကို ခန့်​ထား​သ​တည်း။

ယ​ခု​လည်း သင်​တို့​သည် ဒါ​ဝိဒ်၏​သား​မြေး၌​ရှိ​သော ထာ​ဝ​ရ​ဘု​ရား၏ နိုင်​ငံ​တော်​ကို ဆီး​တား​မည်​ဟု ကြံ​စည်​ကြ​သည်​တ​ကား၊ သင်​တို့​သည် များ​ပြား၍ သင်​တို့​ဘု​ရား​အ​ရာ၌၊ ယေ​ရော​ဗောင်​လုပ်​သော ရွှေ​နွား​သ​ငယ်​တို့​လည်း​ရှိ​ကြ၏။

ထို​မျှ​မ​က သူ​တို့​သည် နွား​သ​ငယ်​အ​ရုပ်​ကို သွန်း၍၊ အို​ဣ​သ​ရေ​လ​အ​မျိုး၊ ဤ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော သင်၏​ဘု​ရား ဖြစ်​တော်​မူ၏​ဟု​ဆို​လျက်၊ အ​လွန်​ပြစ်​မှား​သော်​လည်း၊

ငါ​သည် သင့်​ကို ကျွန်​ခံ​နေ​ရာ​အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​ဆောင်​ယူ​ခဲ့​ပြီး​သော သင်​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၏။

ငါ့​ကို​ကိုး​ကွယ်​သော​အ​မှု၌ ကိုယ်​သုံး​ဖို့ ငွေ​ဘု​ရား၊ ရွှေ​ဘု​ရား​ကို​မ​လုပ်​ရ။

အ​ထက်​မိုး​ကောင်း​ကင်၌​လည်း​ကောင်း၊ အောက်​အ​ရပ်​မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ မြေ​ကြီး​အောက်​ရေ​ထဲ၌​လည်း​ကောင်း ရှိ​သော​အ​ရာ​နှင့် ပုံ​သ​ဏ္ဌာန်​တူ​အောင်၊ ရုပ်​တု​ဆင်း​တု​ကို ကိုယ်​အ​ဖို့​မ​လုပ်​နှင့်။

တံ​ဆိပ်​ပေါ်​မှာ အ​က္ခ​ရာ​တင်​သ​ကဲ့​သို့၊ ကျောက်​လုပ်​သော အ​လုပ်​နှင့်​တ​ကွ၊ ဣ​သ​ရေ​လ​အ​မျိုး၏ နာ​မည်​တို့​ကို ထို​ကျောက်​နှစ်​လုံး​အ​ပေါ်​မှာ အ​က္ခ​ရာ​တင်၍ ရွှေ​ကျောက်​အိုး​၌ ထည့်​ရ​မည်။

ရှ​ဟံ​ကျောက်​နှစ်​လုံး​ကို​ယူ၍၊ ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဆယ်​နှစ်​မျိုး​ကို၊

မော​ရှေ​သည် တောင်​ပေါ်​မှာ ကြာ​မြင့်​စွာ​ရှိ​နေ​ကြောင်း​ကို လူ​များ​တို့​သည် သိ​မြင်​သော​အ​ခါ၊ အာ​ရုန်​ထံ​သို့​စည်း​ဝေး​ကြ၍၊ ထ​ပါ။ ငါ​တို့​ရှေ့​မှာ​သွား​ရ​သော ဘု​ရား​တို့​ကို ငါ​တို့​အ​ဖို့​လုပ်​ပါ။ ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​သော ထို​မော​ရှေ၌ အ​ဘယ်​သို့​ဖြစ်​သည်​ကို ငါ​တို့​မ​သိ​ပါ​ဟု ပြော​ဆို​ကြ၏။

အ​ကျွန်ုပ်​က၊ ရွှေ​ရှိ​သော​သူ​သည်​ချွတ်​စေ​ဟု ဆို​သည်​နှင့်​အ​ညီ၊ သူ​တို့​ပေး​သော ရွှေ​ကို အ​ကျွန်ုပ်​သည်​မီး​ထဲ၌​ထည့်​လျှင်၊ ဤ​နွား​သ​ငယ်​ထွက်​လာ​ပါ​သည်​ဟု ပြန်​ပြော၏။

လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နား၌​ဆင်​သော ရွှေ​နား​တောင်း​များ​ကို​ချွတ်၍၊ အာ​ရုန်​ထံ​သို့​ဆောင်​ခဲ့​ကြ၏။

အာ​ရုန်​နှင့် လူ​များ​တို့​သည် နွား​သ​ငယ်​ကို​လုပ်​ကြ​သော​ကြောင့် သူ​တို့​ကို​ဒဏ်​ခတ်​တော်​မူ၏။

အာ​ရုန်​သည် ထို​အ​မှု​ကို​သိ​မြင်​လျှင်၊ ရုပ်​တု​ရှေ့​မှာ ယဇ်​ပ​လ္လင်​ကို​တည်၍၊ နက်​ဖြန်​နေ့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပွဲ​ခံ​ရ​သော​နေ့​ဖြစ်​သည်​ဟု တပ်​ကို​လည်၍​ကြော်​ငြာ​စေ၏။

ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​ဆင်း​သွား​လော့။ အဲ​ဂု​တ္တု​ပြည်​မှ သင်​နုတ်​ဆောင်​ခဲ့​သော သင်၏​လူ​တို့​သည် ဖောက်​ပြန်​ကြ​ပြီ။

ငါ​မှာ​ထား​သော​လမ်း​မှ အ​လျင်​အ​မြန်​လွှဲ​သွား၍၊ နွား​သ​ငယ်​ရုပ်​ကို​သွန်း​ပြီး​လျှင်၊ အို​ဣ​သ​ရေ​လ​အ​မျိုး၊ ဤ​ဘု​ရား​သည် သင့်​ကို​အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​ခဲ့​သော ဘု​ရား​ဖြစ်​တော်​မူ၏​ဟု​ဆို​လျက်၊ ရုပ်​တု​ရှေ့​မှာ ယဇ်​ပူ​ဇော်​ကိုး​ကွယ်​ကြ​ပြီ​ဟူ၍​လည်း​ကောင်း၊

ထု​လုပ်​သော ငွေ​ရုပ်​တု​တန်​ဆာ​နှင့် သွန်း​သော ရွှေ​ရုပ်​တု​တန်​ဆာ​များ​ကို မ​ရို​မ​သေ​ပြု၍၊ ညစ်​ညူး​သော အ​ဝတ်​ကဲ့​သို့ ပစ်​ပယ်​လျက်၊ သွား​တော့​ဟု ဆို​ရ​လိမ့်​မည်။

ရွှေ​ကို အိတ်​ထဲ​က​များ​စွာ​ထုတ်​လျက်၊ ငွေ​ကို​လည်း ချိန်​ခွင်​နှင့်​ချိန်​လျက်၊ ပန်း​ထိမ်​သ​မား​ကို​ငှား၍ ဘု​ရား​ကို လုပ်​စေ​ပြီး​မှ၊ ပျပ်​ဝပ်​ကိုး​ကွယ်​ကြ​သည် တ​ကား။

အ​သက်​ငယ်​စဉ်​အ​ခါ အဲ​ဂု​တ္တု​ပြည်၌ သူ​နှင့်​သင့်​နေ၍၊ အ​ပျို​မ​အ​သ​ရေ​ကို ရှုတ်​ချ​သ​ဖြင့်၊ အ​ထပ်​ထပ် မ​တ​ရား​သော​မေ​ထုန်​ကို ပြု​ကြ​သည်​နှင့်​အ​ညီ၊ အဲ​ဂု​တ္တု​မေ​ထုန်​ကို​လည်း မ​စွန့်​ပစ်၊ မှီ​ဝဲ​လျက်​နေ၏။

ရှ​မာ​ရိ​မြို့​သား​တို့​သည် ဗေ​သ​ဝင်​နွား​သ​ငယ်​အ​ဖို့ ကြောက်​ကြ​လိမ့်​မည်။ ထို​နွား​သ​ငယ်၏ ဘုန်း​အ​တွက် သူ၏​တ​ကာ​တို့​သည် ငို​ကြွေး​မြည်​တမ်း၍၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ရန်​သူ​တို့​သည် ထို​ဘုန်း​ကို လု​ယူ၍၊

ယ​ခု​မှာ အ​ထပ်​ထပ်​ပြစ်​မှား၍ ကိုယ်​ဉာဏ်​ပ​ညာ​အား​ဖြင့် အ​ရည်​သွန်း​သော ငွေ​ရုပ်​တု၊ ဆ​ရာ​သ​မား လုပ်​တတ်​သော ရုပ်​တု​ဆင်း​တု​များ​ကို ကိုယ်​အ​ဖို့ လုပ်​ကြ၏။ လုပ်​ပြီး​မှ ယဇ်​ပူ​ဇော်​သော​သူ​သည် နွား​သ​ငယ်​ကို နမ်း​စေ​ဟု ဆို​တတ်​ကြ၏။

ထို​သို့​ငါ​တို့​သည် ဘု​ရား​သ​ခင်၏ အ​မျိုး​အ​နွယ်​ဖြစ်​လျက်​နှင့် လူ​တို့​အ​တတ်​အ​ကြံ​အ​စည်​အား​ဖြင့် ထု​လုပ်​သော​ရွှေ​ရုပ်​တု၊ ငွေ​ရုပ်​တု၊ ကျောက်​ရုပ်​တု​နှင့် ဘု​ရား​သ​ခင်​တူ​တော်​မူ​သည်​ဟု မ​ထင်​မ​မှတ်​အပ်။-

ထို​နေ့​ရက်​ကာ​လ၌ နွား​သ​ငယ်​ကို လုပ်၍ ထို​ရုပ်​တု​အား ယဇ်​ပူ​ဇော်​သ​ဖြင့် မိ​မိ​တို့​လက်​နှင့် လုပ်​သော​အ​ရာ၌​ပင် ပျော်​မွေ့​ကြ၏။ အ​နာ​ဂ​တ္တိ​ကျမ်း၌ လာ​သည်​ကား၊-

လူ​တို့​သည် စား​သောက်​လျက် ထိုင်​နေ​ကြ၏။ နောက်​တစ်​ဖန် က​ခုန်​မြူး​ထူး​ခြင်း​ငှာ ထ​ကြ၏​ဟု ကျမ်း​စာ​လာ​သည်​အ​တိုင်း၊-

သင်​တို့​သည် သင်​တို့​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား၍၊ နွား​သ​ငယ်​ရုပ်​တု​ကို သွန်း​ကြောင်း​နှင့် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သော​လမ်း​မှ အ​လျင်​အ​မြန်​လွှဲ​သွား​ကြောင်း​ကို ငါ​သည်​ကြည့်​မြင်​လျှင်၊

သို့​ရာ​တွင် သင်​တို့​ရှိ​သ​မျှ​သည် လု​ယူ၍​ရ​သော နား​တောင်း​တို့​ကို ပေး​ပါ​မည်​အ​ကြောင်း၊ ငါ​တောင်း​ချင်​သည်​ဟူ၍​လည်း​ကောင်း ဆို​လေ၏။ ရန်​သူ​တို့​သည် ဣ​ရှ​မေ​လ​အ​မျိုး​ဖြစ်၍ ရွှေ​နား​တောင်း​ကို ဆင်​တတ်​ကြ​သ​တည်း။

ထို​တန်​ဆာ​တို့​နှင့် ဂိ​ဒေါင်​သည် သင်​တိုင်း​တော်​ကို​လုပ်၍ မိ​မိ​နေ​ရာ ဩ​ဖ​ရ​မြို့​မှာ​ထား​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ မျိုး​သား​အ​ပေါင်း​တို့​သည် ထို​သင်​တိုင်း​တော်​နှင့် မှား​ယွင်း​လျက်​သွား​တတ်​ကြ၏။ ထို​အ​မှု​သည် ဂိ​ဒေါင်​နှင့် သူ၏​အ​မျိုး​ပြစ်​မှား​ရာ​အ​ကြောင်း ဖြစ်​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ