Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 32:27

Judson Bible

မော​ရှေ​က​လည်း၊ လူ​တိုင်း​ဓား​လွယ်​လျက် တပ်​တစ်​မျက်​နှာ​တံ​ခါး​မှ တစ်​မျက်​နှာ တံ​ခါး​တိုင်​အောင်​ထုတ်​ချင်း​ခပ်​သွား၍၊ အ​သီး​အ​သီး မိ​မိ​ညီ​အစ်​ကို၊ မိ​မိ​အ​ပေါင်း​အ​ဖော်၊ မိ​မိ​အိမ်​နီး​ချင်း​ကို​သတ်​စေ​ဟု ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​မိန့်​ရှိ​တော်​မူ​သည်​ဟု၊

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​မှု​ပြီး​သော​အ​ခါ၊ ယေ​ဟု​က​ဝင်၍ သတ်​ကြ​လော့။ တစ်​ယောက်​ကို​မျှ မ​ထွက်​စေ​နှင့်​ဟု တပ်​သား​နှင့်​တပ်​မှူး​တို့​အား ဆို​သည်​အ​တိုင်း၊ တပ်​သား​နှင့်​တပ်​မှူး​တို့​သည် ဓား​နှင့်​လုပ်​ကြံ၍ အ​သေ​ကောင်​များ​ကို ထုတ်​ပစ်​ပြီး​မှ၊

တပ်​တံ​ခါး​ဝ​မှာ​ရပ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ဘက်၌ အ​ဘယ်​သူ​နေ​သ​နည်း။ ငါ့​ထံ​သို့ လာ​စေ​ဟု​ဆို​လျှင်၊ လေ​ဝိ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် သူ့​ထံ၌​စည်း​ဝေး​ကြ၏။

မော​ရှေ​စီ​ရင်​သည်​အ​တိုင်း၊ လေ​ဝိ​အ​မျိုး​သား​တို့​သည်​ပြု၍၊ ထို​နေ့၌ လူ​သုံး​ထောင်​လောက်​သေ​ကြ၏။

တစ်​ဖန်​မော​ရှေ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ယ​နေ့​ကောင်း​ချီး​ပေး​တော်​မူ​စေ​ခြင်း​ငှာ၊ သင်​တို့​သည် အ​သီး​အ​သီး ကိုယ်​သား၊ ကိုယ်​ညီ​အစ်​ကို​ကို​ထိ​ခိုက်​သော​အား​ဖြင့်၊ သင်​တို့​သည် ယ​နေ့​ကိုယ်​ကို​ချီး​မြှောက်​ကြ​ပြီ​ဟု ဆို​လေ၏။

အ​ခြား​သော သူ​တို့​အား​လည်း၊ ထို​သူ​နောက် မြို့​ထဲ၌​လျှောက်​သွား၍ ဒဏ်​ခတ်​ကြ​လော့။ နှ​မြော​စုံ​မက်​ခြင်း မ​ရှိ​ကြ​နှင့်။

မော​ရှေ​သည် ဣ​သ​ရေ​လ​မင်း​တို့​ကို​ခေါ်၍၊ ဗာ​လ​ပေ​ဂု​ရ​ဘု​ရား​ကို ဆည်း​ကပ်​သော​သူ​တို့​ကို သင်​တို့​အ​သီး​အ​သီး​ဆိုင်​သည်​အ​တိုင်း ကွပ်​မျက်​ကြ​လော့​ဟု မှာ​ထား​လေ၏။

အ​ကြင်​သူ​သည် ငါ့​ထံ​သို့​လာ၍ မိ​ဘ၊ သား​မ​ယား၊ ညီ​အစ်​ကို၊ နှ​မ​တို့​ကို​လည်း​ကောင်း၊ ထို​မျှ​မ​က မိ​မိ​အ​သက်​ကို​လည်း​ကောင်း မ​မုန်း၊ ထို​သူ​သည် ငါ့​တ​ပည့်​မ​ဖြစ်​နိုင်​ရာ။-

သို့​ဖြစ်​လျှင်၊ ယ​ခု​မှ​စ၍ ငါ​တို့​သည် ဇာ​တိ​အ​မျိုး​ကို​ထောက်၍ အ​ဘယ်​သူ​ကို​မျှ မ​သိ​မ​မှတ်။ ဇာ​တိ​အ​မျိုး​ကို​ထောက်၍ ခ​ရစ်​တော်​ကို အ​ထက်​က သိ​မှတ်​သော်​လည်း၊ ယ​ခု​မှ​စ၍ ထို​သို့​သော​သိ​မှတ်​ခြင်း မ​ရှိ။

ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ သင်​တို့​ကို နုတ်​ဆောင်​တော်​မူ​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​လွဲ​စေ​ခြင်း​ငှာ ကြံ​စည်​သော​ကြောင့်၊ ထို​သူ​ကို ကျောက်​ခဲ​နှင့်​ပစ်၍ အ​သေ​သတ်​ရ​ကြ​မည်။

သင်၏​ညီ​အစ်​ကို​ရင်း၊ သင်၏​သား​သ​မီး၊ သင်၏​ရင်​ခွင်၌​နေ​သော​မ​ယား၊ ကိုယ်​ကဲ့​သို့​မှတ်​တတ်​သော အ​ဆွေ​ခင်​ပွန်း တစ်​စုံ​တစ်​ယောက်​က၊ သွား​ကြ​စို့။ သင်​လည်း မ​သိ၊ ဘိုး​ဘေး​တို့​လည်း​မ​သိ​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ