ထွက်မြောက် 32:13Judson Bibleကိုယ်တော်က သင်တို့အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့ ငါများပြားစေမည်။ ငါပြောခဲ့သော ဤမြေရှိသမျှကို သင်တို့အမျိုးအနွယ်အား ငါပေးသဖြင့်၊ သူတို့သည် အစဉ်အမြဲအမွေခံရကြလိမ့်မည်ဟု ကိုယ်ကိုကိုယ်တိုင်တည်၍ ကျိန်ဆိုတော်မူသောစကားကို ခံခဲ့ပြီးသော ကိုယ်တော်၏ကျွန် အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့ကို အောက်မေ့တော်မူပါဟု မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်လေ၏။ အခန်းကိုကြည့်ပါ။ |
ငါ့အဘ၏အိမ်မှလည်းကောင်း၊ ငါ့အမျိုးသားနေရာပြည်မှလည်းကောင်း ငါ့ကိုခေါ်၍၊ သင်၏အမျိုးအနွယ်အား ဤပြည်ကိုငါပေးမည်ဟု၊ ငါ့အားဗျာဒိတ်တော်ပေး၍ ကျိန်ဆိုတော်မူသော ကောင်းကင်ဘုံရှင်ဘုရားသခင် ထာဝရဘုရားသည်၊ မိမိကောင်းကင်တမန်ကို သင့်ရှေ့၌စေလွှတ်တော်မူသဖြင့်၊ သင်သည်ထိုပြည်မှ ငါ့သားဖို့ မယားကိုယူရလိမ့်မည်။
ငါ့ကိုခပ်သိမ်းသောဘေးဒဏ်အထဲက ကယ်နုတ်တော်မူသော ကောင်းကင်တမန်သည်၊ ဤသူငယ်တို့ကို ကောင်းချီးပေးတော်မူပါစေသော။ သူတို့ကိုငါ့အမည်ဖြင့်လည်းကောင်း၊ ငါ့အဘအာဗြဟံနှင့် ဣဇာက်၏အမည်ဖြင့်လည်းကောင်း၊ ထပ်၍မှည့်ပါစေသော။ သူတို့သည် မြေကြီးပေါ်မှာ အလွန်တိုးပွားများပြားပါစေသောဟု မြွက်ဆို၏။